‘ဒုဋ္ဌဝတီကို လွန်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသ ဖို့လိုသေးပေမယ့် Arkar Production အနေနဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးကို ဆက် လက်ရိုက်ကူးနေကြောင်း ဒါရိုက်တာ အာကာက ပြောပါတယ်။ နို့ဆီခွက်၂ခွက်ကို ကြိုးတပ်ပြီး စကား ပြောတဲ့ ဖုန်းပုံစံအကြောင်းအရာကို တည်ပြီး ရိုက်ကူး ထားပါဆိုတဲ့ ဒါရိုက်တာအာကာက ဒီဇာတ်ကားကို ‘ကြိုးဖုန်း(Ting String)’လို့ အမည်ပေးထားပြီး ဖြိုးငွေ စိုး၊ အိန္ဒြာကျော်ဇင်၊ ရဲနောင်၊ အောင်ရဲထွေး၊ ရွှေအိမ် စည်တို့က သရုပ်ဆောင်ထားကြောင်းသိရပါတယ်။
“ဇာတ်ကားကတော့ Horror Typeပဲ။ သရဲ ဇာတ်ကားပါ။ သရဲ အကောင်လိုက်ကြီးတွေတော့ မပါ ဘူး။ ဒါပေမဲ့ကြောက်အောင် ရိုက်ကူးထားတာ ပိုများ ပါတယ်။ ပထမဇာတ်ကားလောက်တော့ Project အကြီးကြီးမဟုတ်ဘူး။ Project သေးသေးပဲ။ ရိုက်ကူး တဲ့နေရာမှာလည်း အရမ်းကြီး Action type မဟုတ် ဘူး။ ဒါပေမဲ့ ကြောက်ဖို့ကောင်းတဲ့ သရဲဇာတ်ကား ဖြစ်အောင်ရိုက်ထားတယ်။ ကျွန်တော်တို့ Arkar Production ကနေ ပထမဦးဆုံးရိုက်ကူးတဲ့ သရဲ ဇာတ်ကားပါ”လို့ သူကပြောပါတယ်။ အွန် လိုင်းမှာ တင်ထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ် ရှင်ဇာတ်ကား Trailer ကို ကြိုက်နှစ်သက်ကြ ပြီး ဘယ်တော့ရုံတင်မှာလဲဆိုတာ မေး မြန်းတဲ့သူ တွေလည်း ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ် သက်ပြီး ဒါရိုက်တာအာကာကို မေးမြန်းဖြစ် တဲ့အခါမှာ…
“ကျွန်တော်တို့နောက်လ လောက်မှ စပြီးတော့ ဆင်ဆာတင်ရမယ်ခင်ဗျ။ ဆင်ဆာတင်ပြီး သွားလို့ရှိရင်တော့ ရုံတင်ဖို့ ကိစ္စတွေကို စပြီးလုပ်မှာပါ။ ဒါပေမဲ့ ရုံတင်တာတွေက အခုနောက်ပိုင်း မှာ တန်းစီတဲ့စနစ် မဟုတ်တော့ဘဲနဲ့ ရုံပြိုင် စနစ်ပုံစံမျိုးဖြစ်လာတော့ ကျွန်တော်တို့ရုပ် ရှင်ကားကို စိတ်ဝင်စားတယ်ဆိုလို့ရှိရင် ရုပ် ရှင်ရုံတွေကနေကျွန်တော်တို့နဲ့တိုက်ရိုက် ချိတ်ဆက်ပြီးတော့ အရင်လိုမျိုးတန်းစီတာမျိုး မဟုတ်ဘဲနဲ့ မြန်မြန်တင်တဲ့စနစ်ကို ကျွန်တော်တို့ လုပ်မှာပါ”လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်