Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeInternationalဒစ္စနေးမင်းသား David...

ဒစ္စနေးမင်းသား David Henireလေဆိပ်ထဲမှာလက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရ

ဒစ္စနေးရုပ်သံလိုင်းမှာ ပရိသတ်အကြိုက်ဇာတ်လမ်းတွေ သရုပ်ဆောင်ခဲ့ တဲ့မင်းသား David Henire တစ်ယောက် အမေရိကန်နိုင်ငံလော့အိန်ဂျလိစ် လေဆိပ်ထဲမှာ လက်နက်ကိုင်ဆောင်မှုနဲ့ စက်တင်ဘာအား လပ်ရက်တစ်ရက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။


လေဆိပ်လုံခြုံရေးတာဝန်ကျတွေက ပြောကြားရာမှာတော့ မင်းသားရဲ့ ခရီးဆောင်အိတ်ထဲက 9mm ပစ္စတိုတစ်လက်ကို လေဆိပ်ခန်းမဆောင် အမှတ် -၂ မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ တွေ့ရှိတဲ့ ပစ္စတိုသေနတ်က မင်းသားအမည်နဲ့ မှတ်ပုံတင်ထားတဲ့ တရားဝင်သေနတ်ဖြစ်ပေမယ့် လေဆိပ်လုံခြုံရေးအတွက် လိုအပ်တဲ့ ကြိုတင်ခွင့်ပြုချက်တစ်စုံတစ်ရာ တောင်းခံထားခြင်းမရှိတာကြောင့် အခုလိုဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။

ဖမ်းဆီးခံရပြီး သိပ်မကြာခင်မှာပဲ လေဆိပ်တာဝန်ကျရဲက အရပ်ဘက် ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးလိုက်ပါတယ်။ အဆိုပါနေ့ ညနေခင်းမှာတော့ မင်းသားဟာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။ People မဂ္ဂဇင်းကတော့ မင်းသားတစ်ယောက်ဒဏ်ငွေအမေရိကန် ဒေါ်လာ ၁ဝ,ဝဝဝ ပေးဆောင်လိုက်ရတယ်လို့ ရေးသားထားပါတယ်။

၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်အထိ ပြသခဲ့တဲ့ Wizards of Waverly Place ဇာတ်လမ်းတွဲမှာ မင်းသမီး ဆယ်လီနာဂိုမက်နဲ့အတူတွဲ သရုပ်ဆောင်ခဲ့ရာကDavid Henire ဆိုတဲ့နာ မည်ကို ကမ္ဘာကစပြီးသိ သွားခဲ့တာလို့ ဆိုရမှာဖြစ်ပါ တယ်။

Ref:BBC

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071