Monday, January 20, 2025

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ...

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ...
HomeNewsLocal Newsဒစ်ဂျစ်တယ်နည်းပညာသည် MSME လုပ်ငန်းများ...

ဒစ်ဂျစ်တယ်နည်းပညာသည် MSME လုပ်ငန်းများ တိုးချဲ့ရေးနှင့် ဈေးကွက်စွမ်းရည်မြှင့်တင်ပေးနိုင်

ဒစ်ဂျစ်တယ်နည်းပညာသည် MSME လုပ်ငန်းများအတွက် အခွင့်အလမ်းဖန်တီးပေး၍ လုပ်ငန်းများတိုးချဲ့ရေးနှင့် ဈေးကွက်စွမ်းရည်မြှင့်တင်ပေးနိုင်ကြောင်း စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ပြောကြားသည်။

ယင်းပြောကြားချက်ကို ဇူလိုင်လ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် MSME များကို အလွန်အလေးထားကြောင်းနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုံလောက်သည့်ကုန်ကြမ်းများ ထောက်ပံ့ပေးပြီး အချောကိုင်ခြင်းဖြင့် ကုန်ပစ္စည်းတန်ဖိုးမြှင့်တင်ကာ ပြည်သူများ ဝင်ငွေတိုးမြှင့်ပေးနိုင်ကြောင်းလည်း ဒုတိယဝန်ကြီးက ဆိုသည်။

ဖိုရမ်သို့ လန်ချန်း-မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ တိုင်းနှင့်ပြည်နယ်အသီးသီးမှ အရာရှိများ၊ ပညာရှင်များနှင့် MSME ကိုယ်စားလှယ် စုစုပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့ပြီး MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည့်အပြင် အခြားအစီအစဉ်များလည်း ရေးဆွဲခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing က MSME များသည် လက်ရှိ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကတွန်းအားဖြစ်ပြီး လုပ်ငန်းခွင်ဝင်မှုတိုးချဲ့ရေးနှင့် လူနေမှုဘဝကောင်းမွန်လာရေးအတွက် အရေးပါကျားကန်မှု ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ဒေသတွင်း MSME များဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်း Industry Chain၊ Supply Chain တည်ငြိမ်မှုထိန်းသိမ်းထားပြီး ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေး၊ ဈေးကွက်အပြန်အလှန်ချိတ်ဆက်ရေးကို ထိန်းသိမ်းထားကာ ဒေသတွင်း တသမတ်တည်း ဈေးကွက်ကြီးတည်ဆောက်ရေး၊ နိုင်ငံအသီးသီးရှိ ပြည်သူများ ဝင်ငွေနှင့် လူနေမှုဘဝအဆင့်အတန်းမြှင့်တင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်းနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် ကျင်းပသည့် ယခုဖိုရမ်သည် အချိန်အခါသင့်၍ MSME များအတွက် ဉာဏ်ပညာများပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း တွင် မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းမှုမှာ များသဖြင့် နေ့လယ် (၂)နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071