ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန်ရှိ စက်ရုံတစ်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက် ၈ နာ ရီ ၄၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်၊ ဦးရွှေဘင်လမ်းရှိ စက်ရုံတစ်ရုံတွင် မီးလေ-ာင်မှုဖြစ်ပွား ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မီးသ-တ်စခန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မီးသ-တ်စခန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းဝင်များက ပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၉ နာရီ ၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၁၈ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
