ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ဒဂုံ-သီလဝါလမ်းမကြီးပေါ်တွင် ယနေ့ အောက်တိုဘာ ၂၈ ရက်ည ၉ နာရီခွဲက ကွန်တိန်နာ(၂)စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
သန်လျင်မြို့နယ်၊ စင်းလုံးကြီးကျေးရွာ၊ ဒဂုံ-သီလဝါလမ်းမကြီးပေါ်တွင် ကွန်တိန်နာ(၂)စီးတို-က်မိကာ ကားမောင်းအမျိုးသားတစ်ဦးသည် ခေါင်းခန်းအတွင်း၌ ညပ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ည ၁၀ နာရီကျော်ခန့်တွင် ကားခေါင်းခန်းအတွင်းညပ်နေသည့် ကားမောင်းသူအား ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒ-ဏ်ရာရ(မစိုးရိမ်ရ)ရရှိထားသဖြင့် လောကအလင်းလူမှုကူညီရေးအသင်းမှ သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
