ရန်ကုန် စက်တင်ဘာ ၂၂
ယမန်နေ့ ညပိုင်း ၇နာရီ ၂၅မိနစ် အချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မှာ ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ကာ လူသေဆုံးခဲ့ပါတယ်။
ဆိုင်ကယ် ကယ်ရီမောင်းသူ (၁)ဦး ကိုဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၉)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်း (UAB Bank သင်တန်းကျောင်းရှေ့) မှာပစ်ခတ်ခံခဲ့ရတာပါ။
ဆိုင်ကယ် ကယ်ရီမောင်းသူ ကျော်ကျော်ဝင်း (ခ) မလေးဟာ ဆိုင်ကယ်နဲ့ ပြည်ထောင်စုလမ်းဘက်မှ ဦးဝိစာရလမ်းဘက်သို့ ရာဇဓိရာဇ်လမ်း အတိုင်း မောင်းနှင်လာစဉ် မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာများရရှိခဲ့ ကာဆိုင်ကယ်ဖြင့် လမ်းဘေး မှာလဲကျ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဆိုင်ကယ်ကယ်ရီသမား သေဆုံးရာ နေရာ တဝိုက် မှာ လုံခြုံရေးအဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။