Wednesday, December 11, 2024

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို...

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်...

ရွှေတိဂုံစေတီတော်တွင် (၂၄)နာရီ ဓာတ်အားရရှိရေး တင်ဒါ...

ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးသည် ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ...

မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ဆွေးနွေး

မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရေးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲတို့ ဆွေး နွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား...

ယခု ဒီဇင်ဘာလ၌ အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိခဲ့သည့်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရှိသည့် နိုင်ငံ ခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပဲခူးတိုင်းသို့ဝင်ရောက်ခဲ့ကြောင်း ဒီဇင်ဘာ ၉...
HomeNewsLocal Newsဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့

ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့

ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် သြဂုတ် ၁၈ ရက်နံနက်ပိုင်းနှင့်နေ့လည်ပိုင်းတို့က စိတ်ကြွ ဆေးပြားများဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

 

ယင်းနေ့နံနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ်(အ ရှေ့ပိုင်း)မြို့နယ်၊ ၈ ရပ်ကွက်၊ဗေဒါ (၂)လမ်းနေ ကိုဝေလင်း(၂၆)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ကြသည်။

 

ထိုသို့ ရှာဖွေရာ နေအိမ်အတွင်းမှစိတ်ကြွဆေးပြား ၃၂၀၀ ပြားအား ဖမ်းဆီးရမိခဲ့သဖြင့် စစ် ဆေးရာ စိတ်ကြွဆေးပြားရောင်းချသူ ကိုကျော်ကိုကို(၃၀)နှစ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ ၄၆ ရပ်ကွက်၊ဗိုလ်မှူးဗထူးလမ်း၌ စိတ်ကြွ ဆေးပြား ၆၉၆၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ နေ့လည် ၃ နာရီခွဲတွင်လည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်၊မာလာမြိုင်လမ်းနေ ကျော်ကိုကိုထက်(ခ)မှန်ကြီး(၂၉)နှစ် ၏နေအိမ်မှ စိတ်ကြွဆေးပြား ၄၀၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

 

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်တို့ တွေ့ ဆုံစဉ် သဘောတူညီခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၉) ရက်က...

ရွှေတိဂုံစေတီတော်တွင် (၂၄)နာရီ ဓာတ်အားရရှိရေး တင်ဒါ ခေါ်ယူနေ

ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးသည် ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော 6.6/0.4 kV,(315kV) ထရန်စဖော်မာအား (၂၄)နာရီ ဓာတ်အားရရှိရေး အတွက် 6.6kV မြေအောက်ဓာတ်ကြိုးပေ (၁၄၅၀)ခန့် ချမြှုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် လုပ်ငန်းအားဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များဈေးပြိုင်(တင်ဒါပုံစံနှင့် စည်းကမ်းချက် တစ်စုံလျှင် ၃၀,၀၀၀/- (နှုန်း)ဖြင့် ဒီဇင်ဘာလ (၁၀)ရက် (အင်္ဂါနေ့)...

မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ဆွေးနွေး

မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရေးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲတို့ ဆွေး နွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း ကာလ်မီးကီယာပြည်နယ်၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကျင်းပသွားမည်ဖြစ်၍ ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံတွင် ကူညီဆောင်ရွက်နိုင်သည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်ကြား ကိုးကွယ်ယုံကြည်မှုအရ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071