ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၇)ရွာသာကြီးရပ်ကွက်တွင် ဇန်နဝါရီ ၂၆ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ရှင်သန်ရေးလူမှုကူညီရေးအသင်းတို့မှ သိရသည်။
ယနေ့နံနက်အစောပိုင်း ၃ နာရီ ၃၈ မိနစ်ခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၇)ရွာသာကြီးရပ်ကွက်၊အင်းဝလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၃ နာရီ ၄၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီ ၅၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
“ငါးဖမ်းပိုက်လုပ်တဲ့စက်ရုံမှာလောင်တာပါ ထိခိုက်တာမရှိပါဘူး ကျွန်တော်တို့အသင်းက ရေသယ်ကား ၂ စီးနဲ့သွားပြီးကူညီပေးခဲ့ပါတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


