Monday, August 17, 2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar...

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍...

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက...

AFC Women’s Champions League...

AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) ပွဲစဉ်များကို ယနေ့ ဩဂုတ် ၁၇...
HomeNewsLocal Newsဒဂုံမြို့သစ်မြောက်ပိုင်းနေ အမျိုးသားတစ်ဦး ပျောက်ဆုံးနေသဖြင့်...

ဒဂုံမြို့သစ်မြောက်ပိုင်းနေ အမျိုးသားတစ်ဦး ပျောက်ဆုံးနေသဖြင့် တွေ့ရှိပါကအကြောင်းကြားပေးရန် မိသားစုဝင်များကမေတ္တာရပ်ခံ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၅ ရပ်ကွက်နေ ကိုသီဟထွန်း(၃၁)နှစ်သည် ဒီဇင်ဘာ ၂၉ ရက်ညနေပိုင်းက ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီ ၅၀ မိနစ်ခန့်က ကိုသီဟထွန်းသည် နေအိမ်မှပြိုင်စက်ဘီး(အပြာရောင်)ဖြင့် ၃၀ ရပ်ကွက်ရှိ ကျောင်းလမ်းသို့သွားသည့်အချိန်၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ညီက အဲဒီအချိန်ပုံမှန်ထွက်နေကြ သူ့ကောင်မလေးကိုသွားခေါ် ပြီး Gym ကိုသွားတယ် သွားခေါ်တဲ့နေရာနဲ့ ကျွန်နော်တို့အိမ်က ၁၀ မိနစ် ၁၅ မိနစ်လောက်ဆိုရင်ရောက်ပြီ အဲဒီနေ့ကလည်း ပုံမှန်အတိုင်းပဲအိမ်ကထွက်သွားတယ် ပိုက်ဆံလည်းအများကြီးထည့်မသွားဘူး ဖုန်းပဲယူသွားတယ်”ဟု ပျောက်ဆုံးနေသူ၏ အကိုဖြစ်သူ ကိုဝေမိုးကပြောသည်။

ထိုသို့ နေအိမ်မှထွက်ခွာသွားပြီးနောက် ၎င်း၏မိတ်ဆွေထံရောက်ရှိလာခြင်းမရှိသဖြင့် ကိုသီဟထွန်း၏ ဖုန်းအားဆက်သွယ်ရာတွင် စက်ပိတ်ထားသဖြင့် မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းရာမှ နေအိမ်မှထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရသဖြင့် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းကို သိရှိခဲ့ရသည်ဟု မိသားစုဝင်ထံမှ သိရသည်။

“သူ့ကောင်မလေးက ရောက်မလာသေးတဲ့အတွက် ညီလေးဖုန်းကိုဆက်တော့ စက်ပိတ်ထားတယ်ဆိုတာနဲ့အိမ်ကိုဖုန်းဆက်ပြီး ညီလေးရှိမရှိမေးမှ နာရီဝက်လောက်အတွင်းမှာ ပျောက်သွားတယ်ဆိုတာကိုသိရတာ လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူး ကျွန်တော်တို့လည်း ညီလေးဖုန်းကို ၁၅ မိနစ်တစ်ခါလောက်ဆက်သွယ်ကြည့်တယ် မရပါဘူး အရင်ကည ၆ နာရီခွဲလောက်ဆိုရင်အိမ်ပြန်ရောက်ပြီ သူဖုန်းကိုင်ထဲက တစ်ခါမှအဆက်အသွယ်မပြတ်ခဲ့ဘူး”ဟု ကိုဝေမိုးကပြောသည်။

ကိုသီဟထွန်း ပျောက်ဆုံးသွားသဖြင့် ၃၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်အကြောင်း ကြားပြီးနောက် ဒဂုံမြို့သစ်(မောက်ပိုင်း)မြို့မရဲစခန်း၌ လူပျောက်တိုင်ကြားထားကြောင်း သိရသည်။

“အိမ်ကလူတွေအကုန်လုံးကလည်းစိတ်ပူနေကြတယ် ရဲစခန်းမှာလူပျောက်တိုက်ချက်ဖွင့်ထားတယ် ထူးခြားမှုတော့မရှိသေးဘူး ရဲစခန်းကလည်းစုံစမ်းစစ်ဆေးတာတွေလုပ်နေတယ်”ဟု ကိုဝေမိုးကပြောသည်။

ကိုသီဟထွန်းသည် အသက်(၃၁)နှစ်ရှိပြီဖြစ်ကာ အရပ် ၅ ပေ ၉ လက်မ၊ အသားညိုသဖြင့် ၎င်းအားတွေ့ရှိသူများအနေဖြင့် ဖုန်း ၀၉ ၉၆၁၁၈၅၁၃၈ ၊ ၀၉ ၄၅၆၈၅၁၆၁၆ နှင့် ၀၉ ၄၄၈၀၁၂၈၉၁ တို့သို့ဆက်သွယ်အကြောင်းကြားပေးကြပါရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။

“ညီမလည်း နေရာအနှံ့မှာရှာပြီးသွားပြီ ဆေးရုံတွေမှာလည်းလိုက်ရှာခဲ့တယ် မတွေ့သေးပါဘူး ဘာမှမပြောတတ်သေးဘူး ဘယ်လိုလုပ်ရမှန်းလည်းမသိသေးဘူး ဖြစ်နိုင်ခြေရှိတာတွေကို လုပ်နေပါတယ်”ဟု ကိုသီဟထွန်းနှင့်နီးစပ်သူတစ်ဦးဖြစ်သည့် မယွန်းယွန်းကပြောသည်၊

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အား ကစားသမားများ စခန်းသွင်းလေ့ကျင့်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation လက်ဝှေ့အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲအတွက် အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ထိုးသတ်မှုနည်း ဗျူဟာများနှင့် လက်ဝှေ့နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ လေ့ကျင့်ရေးစခန်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေးအတွက် စုစည်းလေ့ကျင့်နေကြပြီး လေ့ကျင့်မှုအခြေအနေများကို ဓာတ်ပုံမှတ် တမ်းများဖြင့် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၁၇ ရက်) မွန်းလွဲ ၁၂ နာရီတွင် သတင်းထုတ်ပြန်သည်။ သို့သော် မုန်တိုင်းငယ်၏ လက်ရှိ ရွေ့လျားမှု လမ်းကြောင်းမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့် အခြေအနေ မရှိသည့်အတွက် သတိပေးချက်ကို အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍ မသန်စွမ်းကျောင်းသား/သူ ၄၇ ဦးကို ၅ နှစ်တာ ပညာသင်ဆုပေးမည်

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်းအတွက် ငါးနှစ်တာ သဘောတူစာချွန်လွှာ (MoU) ကို ဩဂုတ် ၁၃ ရက်တွင် နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကိုယ်အင်္ဂါ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည်မသန်စွမ်းမှု အပါအဝင် မသန်စွမ်းမှုအမျိုးအစား အမျိုးမျိုးရှိသော ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ဆိုသည်။ ရွေးချယ်ခံရသူများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071