ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ စက်ရုံတစ်ခုတွင် ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၃)ရပ်ကွက်၊ မိုးမခလမ်းရှိ စက်ရုံတစ်ခုတွင်မီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ထိစပ်မြို့နယ်များ၏ မီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ရာဆက်လက်လောင်ကျွမ်းလျက်ရှိ ၍ နံနက် ၄ နာရီ ၃၃ မိနစ်၌ Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၅ နာရီ ၂၀ မိနစ်တွင် မီး ငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမီးသတ်တပ် ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
