Saturday, January 18, 2025

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက်...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ...

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း...

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက်...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ...

ထိုင်းကုန်သွယ်မှုပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပြခန်း အခမဲ့ရရှိမည်

"Thai FEX-Anuga Asia 2025” တွင် ပြသမည့် မြန်မာလုပ်ငန်းရှင်များအား ပြခန်းအခမဲ့ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်...
HomeNewsLocal Newsဒဂုံတောင်ပိုင်း (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပစ်ခတ်ခဲ့သည့်...

ဒဂုံတောင်ပိုင်း (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပစ်ခတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင် ၁၂ ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပစ်ခတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင် ၁၂ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းက Anonymous Force အဖွဲ့ဝင် ၄ ဦးသည် ကားတစ်စီးဖြင့် ဒဂုံတောင်ပိုင်း (၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိလာကာ ‌ေ-သနတ်ဖြင့်ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းနှင့် ရာအိမ်မှူးဦးဆွေမြင့်အောင်တို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး ရုံးအကူဦးမျိုးမြင့်ထွန်း(ခ)သားကြီးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြု လုပ်ခဲ့ကြသည်။

ထို့ကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကျော်စွာအောင်(ခ)ကျော်စွာ၊ တင်ဝင်း(ခ)ဝင်းချို၊ စက်တင်ဘာ ၂၅ ရက်တွင် အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒ၊ ယုနန္ဒာစိုး၊ စက်တင်ဘာ ၂၆ ရက်တွင် ခင်မောင်ဌေး(ခ) ကျန်ကျောင်း၊ ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း၊ စက်တင်ဘာ ၂၇ ရက်တွင် ထက်ကြီး(ခ)ကျော်ကြီး၊ အာကာဖြိုး(ခ)အောင်မင်းခန့်၊ လျှန်းထက်အောင်၊ နေလင်း၊ တင်လှနှင့် မြင့်ကျော်တို့အား အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ၎င်းတို့ထဲမှ ရဲရင့်အောင် (ခ)ကိုရဲ(ခ)တင်ထွန်း၊ ထက်ကြီး(ခ)ကျော်ကြီးနှင့် အာကာဖြိုး(ခ)အောင်မင်းခန့်တို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလခန့်တွင် KNLA တပ်မဟာ(၂) နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား ၁ လတက်ရောက်၍ ရန်ကုန်မြို့သို့ပြန်ရောက်ပြီးနောက်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Anonymous Force အဖွဲ့အားဖွဲ့စည်း၍ လုပ်ကြံသ–တ်ဖြ–တ်မှုများကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ထိရောက်စွာ အရေးယူမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူး လာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော်တွင် တည်းခိုဆောင်...

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲသည် အကြိမ် (၂၀) မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကာ ဘာသာပြန်ပညာရှင်အဆင့်ကို ရည်မှန်း၍ ဂျပန်ဘာသာကို အဆင့်မြင့်လေ့လာနေသူများအတွက် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။ ပြိုင်ပွဲကို “ကျွမ်းကျင်အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်ဘာသာ အရည်အချင်း N3 အဆင့်ရှိ အခြေခံအဆင့်ဂျပန်ဘာသာလေ့လာနေသူများအတွက် “အငယ်တန်း အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဟူ၍...

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက် လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။ အဆိုပါ ရွှေသမင်ဘေးမဲ့တောဥယျာဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်နေသည့် နေရာဖြစ်ပြီး ရွှေသမင်များ၊ ဆတ်များ ကျင်လည်ကျက်စားနေကြောင်း သိရသည်။ ထို့ပြင် ယင်းနေရာတွင်ပင် (၁၇)ဧကခန့် ကျယ်ဝန်းသည့် စန္ဒကူးတောနှင့် ရွှေသမင်များ၊ ဆတ်များ၊ စန္ဒကူးတို့အား စိုက်ပျိုးထိန်းသိမ်းထားရှိထားကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071