ရိုးရာနဲ့ အနောက်တိုင်းဟန် ပေါင်းစပ်ပြီး ထုတ်လုပ်တတ်တဲ့ ဆန်းသစ်တဲ့ စက္ကူအရုပ်လေးတွေကို ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက “လမင်းအိမ်” စက္ကူရုပ်စုံလုပ်ငန်းမှာ တွေ့နိုင်မှာပါ။
အဲဒီအရုပ်လေးတွေဟာ “လှတယ်”၊ “သူမလက်ရာ” ၊ “ယူကေစိန်” ဆိုတဲ့ ဆိုင်တွေကတဆင့် အခြားနိုင်ငံတွေထိ ရောက်ရှိနေတာတွေရှိတယ်လို့လည်း သိရပါတယ်။
ဒီလိုမျိုး မြန်မာ့ရိုးရာ အမွေအနှစ် လက်ရာတစ်ခုအဖြစ် တခြားနိုင်ငံတွေကို ရောက်ရှိသွားတာကိုလည်း ဂုဏ်ယူတယ်လို့ “လမင်းအိမ်” စက္ကူရုပ်စုံလုပ်ငန်းကို ဦးစီးနေတဲ့ တူမဖြစ်သူ မဇာဇာဝင်းက ပြောပါတယ်။
အရင်ကတော့ ပဲ့ကိုင်ရှင်ဖြစ်သူ သူမရဲ့ ဦးလေးဖြစ်သူ ဦးညီညီအောင်ဟာ အားလပ်ချိန် သားအတွက် စက္ကူရုပ်လေးတွေ ပြုလုပ်ပေးရာကနေ စက္ကူရုပ်စုံလုပ်ငန်းတစ်ခုအဖြစ် ကြီးထွားခဲ့တာပါ။
သူ့သား “လမင်း” အတွက် ဆော့ကစားဖို့ပြုလုပ်ပေးတာကနေ ဒီလိုလုပ်ငန်းအထိ ဖြစ်လာခဲ့တာလို့လည်း သိရပါတယ်။
