Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsထောင်ဒဏ်အပါအဝင် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေ...

ထောင်ဒဏ်အပါအဝင် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်း

ခွင့်ပြုချက်ရယူခြင်း မရှိဘဲ VPN ထူထောင်ခြင်းနှင့် အွန်လိုင်းလေ-ာင်းကစားစနစ် တည်ဆောက်ခြင်း၊ ဆိုက်ဘာအလွဲ သုံးစားပြုလုပ်ခြင်းများ ပြုလုပ်ပါက ပစ်ဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို နစက က ဇန်နဝါရီ (၁) ရက်၌ ပြဋ္ဌာန်းလိုက်သည်။

အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းတို့မှ ကာကွယ်ရန်၊ ဆိုက်ဘာမှုခင်းများကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် ပြဌာန်းခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတတစ်ဦး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဝန်ကြီး ဌာန၏ ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် ဆက်စပ်ဝန်ကြီးဌာနများက ပြည်ထောင်စုဝန်ကြီးများနှင့် ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ဥက္ကဋ္ဌများ ပါဝင်စေကာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။

ဥပဒေအရ တရားမဝင် VPN ဝန်ဆောင်မှုအတွက် ထောင်ဒဏ် အများဆုံး (၆) လအထိ၊ ဒဏ်ငွေ အနည်းဆုံး ကျပ်ဆယ်သိန်းမှ သိန်းတစ်ရာအထိ ချမှတ်ခံရမည် ဖြစ်သလို ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထိုနည်းတူ ဆိုက်ဘာအလွဲအသုံးပြုခြင်း တစ်မျိုးမျိုးကို ကျူးလွန်လျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်၊ အနည်းဆုံး ကျပ်သိန်း (၅၀) မှ အများဆုံး ကျပ်သိန်း နှစ်ရာထက် မပိုသည့် ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

မရိုးမဖြောင့်သဘောနှင့် ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြုပြီး အခြားသူ၏ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခို-းယူခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်း သို့မဟုတ် အခြားသူတစ်ဦးဦး ပြုလုပ်ရန် ခိုင်းစေလျှင် ထိုသူကို အနည်းဆုံး နှစ်နှစ်မှ အများဆုံး ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။

ထို့အပြင် အများပြည်သူ ကြည့်ရှုရန် မသင့်တော်သည့် သတင်းအချက်အလက်များကို အီလက်ထရောနစ် နည်းပညာနှင့် ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း၊ ရောင်းချခြင်းများအတွက် ထောင်ဒဏ် အနည်းဆုံး တစ်လမှ ခြောက်လ၊ ဒဏ်ငွေ အနည်းဆုံး ကျပ် ဆယ်သိန်းမှ သိန်းတစ်ရာအထိ ချမှတ်မည့် အပြင် ဒဏ်နှစ်ရပ်လုံးကိုလဲ ချမှတ်ရမည်ဟု လည်း သိရသည်။

ထုတ်ပြန်သည့် နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်း အမိန့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်လျှင် ထောင်ဒဏ် တစ်လမှ သုံးလအထိဖြစ်စေ၊ ဆယ်သိန်းမှ သိန်းတစ်ရာထက်မပိုသည့် ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။ "ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071