Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeNewsLocal Newsထုတ်လုပ်ပြီးလျှပ်စစ်ဓာတ်အားများ ပြည်သူလူ ထုထံဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနှင့်ဗို့...

ထုတ်လုပ်ပြီးလျှပ်စစ်ဓာတ်အားများ ပြည်သူလူ ထုထံဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနှင့်ဗို့ အားပြည့်ဝတည်ငြိမ်စွာအချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏အဓိက ရည်မှန်း ချက်ဖြစ်ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ပြော

ထုတ်လုပ်ပြီးလျှပ်စစ်ဓာတ်အားများ ပြည်သူလူ ထုထံဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနှင့်ဗို့ အားပြည့်ဝတည်ငြိမ်စွာအချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏အဓိက ရည်မှန်း ချက်ဖြစ်ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ပြော

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်၊ဓာတ်အားစနစ်တည်ငြိမ်တိုး တက်ကောင်းမွန်စေရန်နှင့်လျှပ်စစ်ဓာတ်အား လျော့နည်းပပျောက်မှုကျဆင်းစေရန်တို့နှင့်ပတ် သက်၍ ဇွန် ၁၁ ရက်ကပြုလုပ်သည့် ညှိနှိုင်းအ စည်းအဝေး၌ ခရိုင်လျှပ်စစ်မန်နေဂျာ/ခရိုင်လျှပ် စစ်အင်ဂျင်နီယာများ၊မြို့နယ်လျှပ်စစ်မန်နေဂျာ/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲနေတာကြောင့် တိုးတက်သုံးစွဲလာမယ့် ဓာတ်အားလို အပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်းမှာ ပြန်ပြည့်မြဲ စွမ်းအင် အပါအဝင် နည်းမျိုးစုံနဲ့ တိုးတက်ထုတ် လုပ်နိုင်ဖို့ကို ဆောင်ရွက်လျက်ရှိပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

ထို့ပြင် ဓာတ်အားပို့လွှတ်ခြင်းအပိုင်းအား တိုးချဲ့ဆောင်ရွက်ခြင်း၊ဓာတ်အားဖြန့်ဖြူးခြင်းအပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက်ရှိကာ ထိုသို့ဆောင်ရွက်မှုများအား တက်ညီလက်ညီကြိုးစားဆောင်ရွက်ကာရရှိလာသည့် နိုင်ငံတော် ၏ ဘဏ္ဍာငွေအ အလေအလွင့်မရှိစေရန် အကျိုးရှိစွာအသုံးချနိုင်စေရန် သတ်မှတ်ထားသည့်အချိန်ကာလအတွင်း အရည်အသွေး ပြည့်ဝ ကောင်းမွန်သည့် ပစ္စည်းများအား စနစ်တကျသုံးစွဲတည်ဆောက်ရန်လိုအပ်သည်ဟုပြောသည်။

အလားတူ ထုတ်လုပ်ပြီးလျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံ ဓာတ်အားပျောက်ဆုံးမှု အ နည်းဆုံးနှင့်ဗို့အားပြည့်ဝတည်ငြိမ်စွာ အချိန်မီဖြန့် ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်ဖြစ်သည်ဟုပြောသည်။

“ကျန်ရှိနေတဲ့ ဓာတ်အားခကြွေးကျန်တွေကို ရာ နှုန်းပြည့်အပြည့်အဝကောက်ခံရရှိစေဖို့အတွက် ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာတွေ လျှပ်စစ်အင်ဂျင်နီယာတွေ ဘဏ္ဍာရေးတာဝန်ခံတွေက အောက်ခြေအထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားဖို့လိုသလို မီတာဖတ်တာ မီတာဘေလ်ဝေတာနဲ့ဓာတ်အားခကောက်ခံတာတွေကို လုံခြုံရေးပြည့်ပြည့်ဝဝနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

အလားတူ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူအား ဝန်ဆောင်မှုပေးနေသည့်ဌာနဖြစ်၍ ပြည်သူလူထု ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအား အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်၍ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် စေတနာထားကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်ဟုပြောသည်။

ထို့နောက် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လျှပ်စစ်မန် နေဂျာများ၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက ခရိုင်/မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ဓာတ်အားခများကောက်ခံရရှိမှုနှင့်ဆက် လက်ဆောင်ရွက်မည့် အစီအမံများအားရှင်းလင်းတင်ပြခဲ့ကြသည်။

အလားတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်ဦးစီး ဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ဖြည့် စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071