ထုတ်ယူရန် ကျန်ရှိနေသော ကျပ် သိန်းတစ်ထောင်တန် ဆုများ လကုန် အထိ မထုတ်ယူပါက ဘဏ္ဍာငွေ အဖြစ် သိမ်းယူမည်
ရန်ကုန်၊ စက်တင်ဘာ ၄
၂၀၂၁ခုနှစ်၊ စက်တင်ဘာ လ ၃၀ ရက်နေ့အထိ ဆုငွေမထုတ်ယူပါက ကျပ် ၁၀၀၀ တန် အောင်ဘာလေ ဆုမဲများ အား အခွန်ဘဏ္ဍာငွေ အဖြစ် သိမ်းယူတော့မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ မှ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် (၂၀) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းထီဖွင့်ပွဲ တွင်ဆုမဲ (၂၀၆၅၀၀) ဆု ဖွင့်လှစ်ခဲ့သော်လည်း ကျပ်သိန်း နှစ်ထောင် ၁ ဆု ၊ ကျပ်သိန်း (၅၀၀) ၂ ဆု၊ ကျပ်သိန်း ( ၂၀၀) ၅ ဆု၊ ကျပ်သိန်း(၁၀၀) ၈ ဆု ၊ ကျပ်သိန်း (၅၀) ၄ ဆု ၊ ကျပ်သိန်း (၂၀) ၁၀ ဆု ၊ ကျပ် (၁၀) သိန်း ၁၄ ဆု အပါအဝင် ဆုရလက်မှတ် (၁၅၈၂၉)ဆု မှာ ယနေ့တိုင် မထုတ်ယူ သေးကြောင်း သိရသည်။
အဆိုပါ ဆုမဲများကို ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ဆုငွေ တောင်းခံ မထုတ်ယူပါက အခွန်ဘဏ္ဍာငွေ အဖြစ် သိမ်းယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။