Tuesday, April 29, 2025

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး...

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ...

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊...

စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများတွင်...

တနင်္လာနေ့က စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများ(ခဏတာ) တို့တွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် လူသန်းပေါင်းများစွာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်တန့်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများ - အလုပ်သွားအချိန်တွင်...
HomeMoviesထီးခီးဂိတ်ကို မကြာမီပြန်ဖွင့်မည်ဟု တနင်္သာရီတိုင်းဒေသကြီး...

ထီးခီးဂိတ်ကို မကြာမီပြန်ဖွင့်မည်ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော

ထိုင်း – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းအတွက် အဓိ ကအခန်းကဏ္ဍတွင် ရှိနေသည့် ဂိတ်တစ်ခုဖြစ်သည့် ထီးခီးဂိတ်ကို မကြာခင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။

ဒီဇင်ဘာ (၂၁) ရက်နံနက်ပိုင်းက ပြုလုပ်သည့် တိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၁၀/ ၂၀ ၂၂) တွင် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

” ထီးခီးဂိတ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသော်လည်း မကြာခင်မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကိုက ပြောသည်။

ယင်းကဲ့သို့ ပြန်လည် ဖွင့်လှစ်ပါက ထားဝယ်ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ၎င်းက ဆိုသ ည်။

လက်ရှိတွင် စက်မှုဇုန်များအနေဖြင့် လုပ်ငန်းများ ဆောင် ရွက်နေသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ယခုထက် ပို မိုလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ယနေ့ပြုလုပ်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသွားသည်။

ထားဝယ် – ထီးခီး လမ်းပိုင်းတွင် တပ်မတော်နှင့် လက်န က်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အ တွက် အဆိုပါ လမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် လက်နက်ကိုင် အဖွဲ့များက တားမြစ်မှုများလည်း လုပ်ဆောင်ထားသည်။

ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ထီးခီးဂိတ်ကို ပြီးခဲ့သည့် ဧပြီလအတွင်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ထို င်း – မြန်မာ နယ်စပ်ကုန်သွယ်မှုအ ချို့ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

ထီးခီးဂိတ်သည် ထိုင်း – မြန်မာကုန်သွယ်ရေးလမ်းကြော င်းတွင် အဓိကကျသည့် နေရာတွင်ရှိနေပြီး ရေထွက်ကုန်များ၊ စိုက်ပျိုးထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့နေ‌ ခြင်းဖြစ်သည်။

လက်ရှိတွင် ထီးခီးဂိတ်ကို မကြာမီတွင် ပြန်လည်ဖွင့်လှစ်မည်ဟုသာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားထားသော်လည်း မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ကိုတော့ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိသေးပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး ထုတ်လုပ်နိုင်သည့် Alpha ဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ဆင်မင်းဘိလပ်မြေစက်ရုံများမှ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသည် လာမည့်မေလ (၁၅)ရက်မှစတင်ကာ နေ့စဥ် အိတ်တစ်သိန်း ထုတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အရေးပါသည့် ဘိလပ်မြေများကို တတ်နိုင်သရွေ့ အမြန်ဆုံးထုတ်လုပ်ကာ စျေးကွက်အတွင်းရောက်ရှိဖို့ တာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ နေအိမ်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းရပ်ကွက်တွင် ရေစတင်ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ " မိုးများရင်တောင်ကျရေဆင်းပြီး ချောင်းရေမြင့်တက်တာက နှစ်တိုင်းပါပဲ။ အခုတော့ စောင့်ကြည့်နေပါတယ်။ ပြီးခဲ့နှစ်ကတော့ မိုးများပြီး ချောင်းရေတက်တာတွေ မြေပြိုတာတွေကြောင့် လူ‌ေ-သဆုံးမှုတွေလည်း ရှိခဲ့တယ်။ အခုတော့ရပ်ကွက်မှာ သတိပေးထားတာတွေ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊ ရှာတဲ့လူများလာလို့ လုံခြုံရေးတွေနဲ့ အဲဒီနေရာတွေကို ထိန်းထားပိတ်ထားရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ ငလျင်ကြောင့် မန္တလေးမြို့တွင် ကွန်ဒိုတိုက်ခန်များ၊ အထပ်မြင့်တိုက်များ ၊ ဟိုတယ်များ အပါအဝင် လူနေတိုက်တာ အဆောက်အဦး အများအပြားလည်း ပြိုကျခဲ့ရသည်။ ယင်းအဆောက်အဦများတွင်လည်း ချမ်းသာသူအများစုနေထိုင်သောကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းများလည်း အနည်းနှင့်အများ မြေစာပုံထဲတွင် ပါသွားတတ်သည်ဟု အထက်ပါ ဒေသခံကပင် ဆိုသည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071