Tuesday, February 18, 2025

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ...

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏...
HomeInternationalထိုင်း- မြန်မာ နှစ်နိုင်ငံနယ်စပ်...

ထိုင်း- မြန်မာ နှစ်နိုင်ငံနယ်စပ် အခြေအနေ လေ့လာရန် ထိုင်း  ဒုတိယ ဝန်ကြီးချုပ် မဲဆောက်သို့ ရောက်ရှိ

ဝန်ကြီးချုပ်ထဝီဆင်းကိုယ်တိုင် မဲဆောက်မြို့သို့ လာရောက်မည်ဟု သတင်းများထွက်ခဲ့သော်လည်း ဝန်ကြီးချုပ်ကို ယ်တိုင်လာရောက်ခြင်းမရှိဘဲ ဒုတိယဝန်ကြီးချုပ် Mr. Panpree Phitthanukorn ကိုသာ မဲဆောက်မြို့သို့ လွှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် Mr. Phitthanukorn သည် ယနေ့ ဧပြီ (၂၃) ရက် နေ့လယ်ပိုင်းတွင် မဲဆောက်မြို့သို့ ရောက်ရှိလာကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့ စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်ပြည်သူ ထောင်နှင့်ချီကာ မဲဆောက်ဘက်ခြမ်းသို့ တိမ်းရှောင်လာရသည့် အခြေအနေနှင့် ပတ်သက်၍ ထိုင်းအစိုးရက အာရုံစိုက် စောင့်ကြည့်နေသည့်အပြင် လိုအပ်သည့် ကူညီမှုများပေးနိုင်ရန် ပြင်ဆင်မှုများလည်းလုပ် ဆောင်ထားသည့်အနေအထားဖြစ်သည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာနေမှုကြောင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသလုံခြုံရေးအတွက်လည်း ထိုင်းအစိုးရနှင့် စစ်တပ်က စောင့်ကြည့်လျက်ရှိနေပြီး အစိုးရအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူ များ ကိုယ်တိုင် မဲဆောက်မြို့သို့ လာရောက်ကြည့်ရှုခဲ့ခြင်းလည်း ဖြစ်သည်။

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်အတူ ကာကွယ်ရေးဝန်ကြီးလည်း လိုက်ပါလာပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအပါအဝင် စစ်ဘေးရှောင်အရေး ဆွေးနွေးမှုများ လုပ်ဆောင်သွားမည့် အခြေအနေရှိနေခြင်းလည်း ဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်သည် မဲဆောက်မြို့ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ် ရေးအခြေ အနေနှင့် မဲဆောက်မြို့သို့ ခိုလှုံလာ‌သော စစ်ဘေးရှောင်အ ရေးကိစ္စများအား ဆွေးနွေးသွားရန်ရှိကြောင်း ထိုင်းအခြေ စိုက်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိုင်း – မြန်မာ အမှတ်(၂) ချ စ်ကြည်ရေး တံတားနှင့် မြဝတီမြို့ရှိ ရပ်ကွက်အချို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ဒေသခံ (၃၀၀၀) ဝန်း ကျင် မဲဆောက်ဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး မြဝတီဘက်ခြမ်း သောင်ရင်းမြစ် ကမ်းနံဘေးတွင်လည်း စစ်ဘေးရှောင်ဒေသခံ ထောင်နှင့်ချီကာ  တိမ်းရှောင် ခဲ့ရသည့်အခြေအနေဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားပြီဖြစ်သ ည့်အတွက် မဲဆောက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ဒေသခံများ နေရပ်ပြန်ကြသဖြင့် မဲဆောက်မြို့ရှိ စစ်ရှောင်စခန်းများတွင် မြဝတီဒေသခံစစ်ဘေးရှောင် (၇၀၀) ဝန်းကျင်သာ ရှိတော့ကြောင်း မဲဆောက်ရှိ စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသည့် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။

ထိုင်းဒုတိယ ဝန်ကြီးချုပ် မဲဆောက်မြို့သို့ လာရောက်ခဲ့သည့်အတွက် ဝန်ကြီးချုပ်ထဝီဆင်း၏ ခရီးစဉ် အထမြောက်နိုင်ခြင်းရှိမရှိနှင့် ပတ်သက်၍ အသေးစိပ်မသိရှိရသေးကြောင်းလည်း  မဲဆောက်ရှိ သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ -BBC

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ ကွယ်ပျောက်ရတာဟာ နိုင်ငံရေးဖြစ်စဉ်၊ ငွေကြေးအခက်အခဲတွေအပြင် ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ နည်းပညာအားကောင်းလာတဲ့အတွက် စာအုပ်အငှားဆိုင်တွေပျောက်ကွယ်ကုန်ရတာပါ။ မုံရွာမြို့မှာ အရင်ကလူကြီးရောကလေ-းပါ အားထားငှားဖတ်ကြရတဲ့ စာအုပ်အငှားဆိုင်ပေါင်း (၇၀) ကျော်ရှိရာကအခုအချိန်မှာ စာအုပ်အငှားဆိုင်ဟာ လက်တစ်ဖက်တောင် မပြည့်တော့ပါဘူး"ဟု စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူတစ်ဦးက ပြောသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်က မုံရွာမြို့နှင့် အခြားမြို့များတွင်စာအုပ်အငှားဆိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး စာဖတ်သူအများစုသည် အငှားစနစ်ကိုသာ အားထားငှားခဲ့ကြခြင်းဖြစ်သည်။ မုံရွာမြို့၏ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင်စာအုပ်အငှားဆိုင်များရှိခဲ့ပြီး...

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက် သက်ဆူတင်က ပြောကြားသည်။ ကျန်းမာရေးတာဝန်ရှိသူများသည် ထိခိုက်လွယ်သောအုပ်စုများ အထူးသဖြင့် ကလေ-းသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးများကို အရှိန်မြှင့်ထိုးနှံပေးလျက်ရှိသည်။ ယခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်အထိ တုပ်ကွေးဖြစ်ပွားသူ ၇,၈၁၉ ဦး ရှိခဲ့သည်။ သို့ရာတွင် စနေနေ့ ဖေဖော်ဝါရီ ၁၅ ရက်အရောက်၌ ယခုနှစ်၏ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်းသည် ၉၉,၀၅၇ ဦးအထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071