KK park ဧရိယာအတွင်း KTV ၊ GYM ၊ လူနေအဆောက်အဦးများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ Hotel၊ Spa ၊ ဆေးရုံ၊ ဂိုထောင် အပါအဝင် အဆောက်အဦး စုစုပေါင်း (၁၄၈) လုံး ရှိသည့်အနက် တပ်မတော်က အဆောက်အဦး (၁၀၁) လုံးကို ဖြိုဖျ-က်ရှင်းလင်းပြီးဖြစ်ကာ ဖြိုဖျ-က်ရန် (၄၇) လုံး ကျန်ရှိနေသေးကြောင်း သိရသည်။
ယင်းကဲ့သို့ ဖြိုဖျ-က်ရာတွင် အဆောက်အဦး (၁၈) လုံးကို မိုင်းခွဲဖျ-က်ဆီးခဲ့ပြီး ကျန်အဆောက်အဦး(၈၃) လုံးကို စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းနေသည်ကို တွေ့ရသည်။
ဓာတ်ပုံ – ပေါ်ပြူလာနယူးစ်
