လတ်တလောဖြစ်ပွားလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားအနေဖြင့် အဆိုပါ ဖြစ်ပွားရာနေရာဒေသများသို့ ခရီးသွားလာခြင်းရှောင်ရှားကြရန် မြန်မာသံရုံး(ဖနောင်ပင်မြို့) က ယနေ့ ဒီဇင်ဘာ (၁၀)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားအစိုးရကဖော်ပြသည့် ယုံကြည်စိတ်ချရသောသတင်းများ၊ကြေညာချက်များနှင့် လုံခြုံရေးအခြေအနေများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်လိုက်နာဆောင်ရွက်ရန်လည်း အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း လုံခြုံရေးကို ဂရုစိုက်ကြရန်နှင့် အခက်အခဲ တစ်စုံတစ်ရာကြုံတွေ့ပါက သံရုံးကို ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်ကြောင်းလည်း အသိပေးထားသည်။
