Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeInternationalထိုင်း-စင်ကာပူ ဆက်ဆံရေး ခိုင်မာအောင်ဆောင်ရွက်

ထိုင်း-စင်ကာပူ ဆက်ဆံရေး ခိုင်မာအောင်ဆောင်ရွက်

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် စင်ကာပူနိုင်ငံတွင် ကျင်းပသော ဆွေးနွေးပွဲများတွင် အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို တို-က်ဖျက်ရာတွင်လည်း‌ကောင်း၊ ထောက်လှမ်းရေးကွန်ရက်များကို ချဲ့ထွင်ရာတွင် လည်းကောင်း ထိုင်းနိုင်ငံ၏ ခိုင်မာသောမဟာမိတ်ဖြစ်လာရန် စင်ကာပူကို တိုက်တွန်းခဲ့သည်။

မစ္စတာ အနူတင်သည် သောကြာနေ့တွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် တရားဝင်ကြိုဆိုပွဲအခမ်းအနားကို တက်ရောက်ခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့သည်။ ယင်းနောက်တွင် ဝန်ကြီးဌာန၌ စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်နှင့် ဆွေးနွေးခဲ့ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဆီရီဖွန် အန်ကာဆာကူလ်ကီယတ်က ပြောကြားခဲ့သည်။

ထိုင်းနှင့် စင်ကာပူအကြား သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးမတိုင်ခင်ကာလ ကြာရှည်စွာကတည်းက ရှိနေခဲ့သော နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေသည့် မစ္စတာ အနူတင်၏ ခရီးစဉ်သည် အလွန်အရေးပါကြောင်း မစ္စတာဝေါင်က အလေးပေးပြောကြားခဲ့သည်ဟု မစ္စတာ ဆီရီဖွန်က ပြောသည်။

နှစ်နိုင်ငံပြည်သူများနှင့် ခေါင်းဆောင်များအကြား နီးကပ်သောနှောင်ကြိုးကို ၎င်းက ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး ယင်း နှောင်ကြိုးသည် ၎င်းတို့၏ ခိုင်မာ‌သော ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ စိန်ခေါ်မှုများအကြားတွင် ထိုင်း-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်စေရန်နှင့် ခိုင်မာစေရန် ထိုင်းဝန်ကြီးချုပ်နှင့် နီးကပ်စွာလက်တွဲလုပ်ဆောင်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်းလည်း မစ္စတာဝေါင်က ပြောကြားခဲ့သည်။

သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် တော်ဝင်ခရီးစဉ်များ၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မစ္စတာဝေါင်၏ ထိုင်းနိုင်ငံခရီးစဉ်နှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများအကြား တွေ့ဆုံမှုများမှတဆင့် အဆင့်မြင့်ဆက်ဆံရေးကို နက်ရှိုင်းစေရန် အရေးကြီးသောအခွင့်အလမ်းတစ်ခုဖြစ်ခဲ့ကြောင်း ခေါင်းဆောင်နှစ်ဦးစလုံးက သဘောတူခဲ့သည်။

နှစ်ဖက် အပြန်အလှန်အဆင်ပြေသောအချိန်အခါတွင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ပါရန် မစ္စတာ အနူတင်က မစ္စတာဝေါင်ကို ဖိတ်ကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ (၈) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပေါ်ပြူလာနယူးစ်သတင်းဌာနမှ "ကျားဖြူပါတီက အမတ်များအနေဖြင့် လွှတ်တော်ထဲရောက်ရင် ပြည်သူတွေအတွက် ဘာတွေအဓိကထားလုပ်ပေးမလဲ" ဆိုသည့်မေးခွန်းအပေါ် ပြန်လည်‌ဖြေကြားခဲ့ခြင်းဖြစ်သည်။ "လွှတ်တော်ထဲရောက်ရင် ပြည်သူတွေအတွက် အလုပ်လုပ်မယ်။ ကျွန်တော်တို့ပါတီက ကိုယ်ကျိုးရှာတဲ့ ပါတီမဟုတ်ဘူး။ ပြည်သူကိုချစ်တဲ့ပါတီ။ ပြည်သူအတွက်အလုပ်လုပ်မယ်။...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် မြို့နယ်အောင်နိုင်ရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး လူထုတွေ့ဆုံပွဲသို့ ဒေသခံမဲဆန္ဒရှင်ပြည်သူ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မော်လမြိုင်မြို့မှ လွှဲ၍ အခြားမြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ မဲဆွယ်စည်းရုံးရေးလု ပ်ငန်းစဉ်များကို အကျဉ်းချုံးသာ လုပ်ဆောင်နေချိန်လည်းဖြစ်သည်။ မွန်ပြည်နယ်တွင် တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်သည့် ကြံခိုင်ရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးကို အဆင်ပြေစွာဆောင်ရွက်ပေးရန် လဝက ဝန်ကြီးမှာကြား

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စစ်ဆေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071