မလေးရှားနိုင်ငံဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာကို စိုးရိမ်ပြီး အခြေအနေကို လျှော့ချတည်ငြိမ်စေဖို့ ကူညီပေးဖို့ အသင့်ရှိနေကြောင်း ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ပြောကြားလိုက်ပါတယ်။
“ကမ္ဘောဒီးယားနဲ့ ထိုင်းတပ်ဖွဲ့တွေ သူတို့ရဲ့ ဘုံနယ်နိမိတ်တစ်လျှောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေအတွက် ကျွန်တော် အလွန်စိုးရိမ်မိပါတယ်။ <…> မလေးရှားနိုင်ငံအနေနဲ့ စိတ်ငြိမ်သက်မှု ပြန်လည်ရရှိစေပြီး နောက်ထပ် အဖြစ်အပျက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် အဆင့်ဆင့်သော လုပ်ဆောင်ချက်တွေကို ထောက်ခံကူညီဖို့ အသင့်ရှိပါတယ်” လို့ ဝန်ကြီးချုပ် အန်နဝါက X လူမှုမီဒီယာ ပလက်ဖောင်းပေါ်မှာ ရေးသားခဲ့ပါတယ်။
“ပြန်လည် ဖြစ်ပွားလာတဲ့ တို-က်ပွဲတွေဟာ အိမ်နီးချင်း နှစ်နိုင်ငံကြားဆက်ဆံရေးကို တည်ငြိမ်စေဖို့ ဂရုတစိုက် လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကို ပျ-က်စီးစေနိုင်တဲ့ အန္တရာယ် ရှိပါတယ်” လို့ ဝန်ကြီးချုပ်က မှတ်ချက်ပြုပါတယ်။ ၎င်းက နှစ်ဖက်စလုံးကို ” အများဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖွင့်ထားဖို့နဲ့ လက်ရှိ ရှိနေတဲ့ နည်းလမ်းယန္တရားတွေကို အပြည့်အဝ အသုံးပြုကြဖို့ ” လို့လဲ အန်နဝါက တိုက်တွန်းထားပါတယ်။
ထိုင်းတော်ဝင်ကြည်းတပ် (Royal Thai Army) က ထိုင်းစစ်မှုထမ်းတစ်ဦး ေ-သဆုံးပြီး လေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ယခင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းစစ်တပ်ရဲ့ ပြောကြားချက်အရ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ မနက်အစောပိုင်းမှာ ထိုင်းစခန်းတွေကို တို-က်ခိုက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
ထိုင်းတော်ဝင်လေတပ် (Royal Thai Air Force) ကတော့ ကမ္ဘောဒီးယား စစ်တပ်ရဲ့ စခန်းတွေ၊ စစ်ရေး အခြေခံအဆောက်အအုံများ၊ လက်နက်သိုလှောင်ရုံများ၊ ကွပ်ကဲရေးဌာနများနှင့် ထောက်ပံ့ရေး လမ်းကြောင်းများကို ပ-စ်မှတ်ထားပြီး တနင်္လာနေ့မှာ လေကြောင်းတို-က်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုတိယ စစ်ဒေသကလည်း ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ ထိုင်းပိုင်နက်ထဲကို BM-21 ဒုံးကျည်တွေနဲ့ ပ-စ်ခတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီပ-စ်ခတ်မှုတွေမှာတော့ ထိခိုက်ဒ-ဏ်ရာရမှု သတင်း မထွက်ခဲ့ပါဘူး။
