ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုသ် ချန်အိုချာ့နှင့် တွေ့ဆုံခဲ့သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးတွင် ကိုဗစ်ရောဂါပိုး စစ်ဆေး တွေ့ရှိသဖြင့် ဝန်ကြီးချုပ်သည်လည်း ယခု ကွာရန်တင်းဝင်နေပြီဖြစ်ကြောင်း ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ပြောသည်။
ပရာယုသ်သည် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်သော်လည်း သူနှင့် ပြီးခဲ့သည့် ကြာသပတေးနေ့ ကတွေ့ဆုံကာ ဓာတ်ပုံပင် အတူရိုက်ခဲ့သော ဆူရင် ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဝီရာဆက်ပီဆနုဝန်းတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိကြောင်း သိရပြီး သည့်နောက် ယခုကဲ့သို့ ကွာရန်တင်းဝင်နေခြင်းဖြစ်သည်။
ဝန်ကြီးချုပ်တွင် ယခုအချိန်အထိ ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိခြင်း မရှိသေးကြောင်းနှင့် သူသည် သီးသန့် ခွဲခြားနေထိုင်ရာမှ အလုပ်များ လုပ်နေလျှက် ရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။
Ref: Thai PM quarantined after contact with COVID-19 infected person