နိုင်ငံတောင်ပိုင်းဒေသများတွင် လူအေ-သအပျေ-ာက်များသော ရေကြီးရေလျှံမှုများကို အစိုးရအဖွဲ့၏ တုန့်ပြန်ဆောင်ရွက်ပုံနှေးကွေးမှုအတွက် ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဗီရာကူလ်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ၎င်း၏ ပါတီ၏ ရည်မှန်းချက်များကို ထိခို-က်နိုင်သည့် အန္တရာယ်ရှိလာသည်။
ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်ရှစ်ခုတွင် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ရေကြီးရေလျှံမှုကြောင့် ေ-သဆုံးသူ ၁၇၆ ဦးထက်မနည်းရှိခဲ့ပြီး လူေ-သဆုံးမှု အများစုသည် ဒေသ၏ စီးပွားရေးအချက်အချာဖြစ်သော ဟတ်ယိုင်နှင့် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည်။
ဟတ်ယိုင်တွင် ဆယ်စုနှစ်သုံးခုအတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေဘေးသည် စက်တင်ဘာလတွင် ရာထူးတာဝန်စတင်ထမ်းဆောင်ခဲ့သည့် အသက် ၅၉ နှစ်အရွယ် ဝန်ကြီးချုပ်အတွက် ပထမဆုံး အဓိကစိန်ခေါ်မှုဖြစ်ခဲ့သည်။
နိုင်ငံသည် မတ်လ သို့မဟုတ် ဧပြီလတွင် ကျင်းပရန် မျှော်လင့်ထားသည့် ရွေးကောက်ပွဲသို့ ဦးတည်နေချိန်တွင် သူ၏ Bhumjaithai ပါတီအနေဖြင့် ကတိကဝတ်များကို ဖြည့်ဆည်းပေးနိုင်ခြေနှင့် ပတ်သက်၍ ရေဘေးသင့် ပြည်နယ်များမှ မဲဆန္ဒရှင်များနှင့် လေ့လာသူများက ယခုအခါ မေးခွန်းထုတ်လာကြပြီဖြစ်သည်။
“အရေးပေါ်အခြေအနေတွေမှာ အနူတင်အနေနဲ့ သူ့ရဲ့ စီမံခန့်ခွဲမှုတွေ စနစ်တကျမရှိတာကြောင့် ဒီရေကြီးမှုက အနူတင်နဲ့ အစိုးရရဲ့ လူကြိုက်များမှုကို အကြီးအကျယ် ထိခို-က်ခဲ့ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဆူခွန်း နွမ်ဆာကူးလ်က ပြောဆိုခဲ့သည်။
တနင်္လာနေ့က သတင်းထောက်များနှင့် စကားပြောခဲ့ရာ၌ တောင်ပိုင်းဒေသတွင် ထောက်ခံမှုကျဆင်းသွားမည့်အရေးကို သူမစဉ်းစားကြောင်း အနူတင်က ပြောကြားခဲ့ပြီး “လူတွေကို ဘယ်လိုကူညီရမလဲဆိုတာကိုပဲ ကျွန်တော် စဉ်းစားနေပါတယ်” ဟုသူက ပြောကြားခဲ့သည်။
ရေကြီးရေလျှံမှုများက အထွတ်အထိပ်ရောက်နေသည့် ပြီးခဲ့သည့်သီတင်းပတ်တွင် ဆူအန်ဒူးဆစ်တက္ကသိုလ်က ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အနူတင်ကို ထောက်ခံမှုသည် ၄၈ ရာခိုင်နှုန်းမှ ၂၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း တွေ့ရှိခဲ့သည်။
“ရေကြီးမှုက ပြည်သူတွေကို ထိခိုက်ပျက်စီးစေရုံသာမက အစိုးရအပေါ် လူကြိုက်များမှုကိုလည်း သိသိသာသာ ထိခို-က်စေခဲ့ပါတယ်” ဟု တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည့် လူပေါင်း ၂,၂၀၈ ဦးကို မေးမြန်းထားသော စစ်တမ်းက ဖော်ပြခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
