နယ်စပ်ပဋိပက္ခကို ရပ်တန့်ရန်အတွက် ထိုင်းနိုင်ငံနှင့် ချက်ချင်း နှစ်နိုင်ငံဆွေးနွေးပွဲများလုပ်ဆောင်ရန်ကိစ္စကို ကမ္ဘောဒီးယားက ကြိုဆိုကြောင်း ဝန်ကြီးချုပ်၏ ထိပ်တန်းအကြံပေးတစ်ဦးက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတက ကြားဝင်စေ့စပ်ပေးခဲ့သော အပ-စ်အခတ်ရပ်စဲရေးကို ချိုးဖေ-ာက်သည်ဟု အိမ်နီးချင်းနှစ်နိုင်ငံက အပြန်အလှန်စွပ်စွဲခဲ့ကြသည်။
တို-က်ခိုက်မှုများကို အဆုံးသတ်ရန် ဇူလိုင်လအတွင်းက သဘောတူထားသော အပ-စ်အခတ်ရပ်စဲရေးသည် ပျ-က်ပြားခဲ့ပြီးနောက် နှစ်နိုင်ငံသည် ၎င်းတို့၏ ၈၁၇ ကီလိုမီတာရှည်လျားသောနယ်စပ်တလျှောက်၌ အမြောက်ပ-စ်ခတ်မှုများအပါအဝင် ဒုတိယမြောက်နေ့ အဖြစ်အပြန်အလှန်ပ-စ်ခတ်ခဲ့ကြသည်။
အပြင်းထန်ဆုံး တို-က်ပွဲများ တကျော့ပြန်ဖြစ်လာသည့် နှစ်ရက်တာအတွင်း နှစ်ဖက်စလုံးတွင် လူ ၁၃ ဦးထက်မနည်းေ-သဆုံးခဲ့ပြီဖြစ်ကာ ထောင်ပေါင်းများစွာသောလူများသည် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။
“ဆိုပါစို့။ အခုအချိန်ကနေ စပြီးတော့တစ်နာရီအကြာမှာ နှစ်ဖက်စလုံးက စားပွဲဝိုင်းမှာရှိနေကြဖို့ သဘောတူကြမယ်ဆိုရင်၊ အဲဒီအခါကြရင် စပြီးတော့ ဆွေးနွေးနိုင်ပြီပေါ့” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ အကြီးတန်းအကြံပေးဖြစ်သူ မစ္စတာ ဆူးစ် ယာရာက ရို-က်တာသတင်းဌာနကို အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။
“အဲလိုသာလုပ်နိုင်ရင် အရမ်းကောင်းတဲ့ အကြံညဏ်ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော် ကမ္ဘောဒီးယားသည် ဆွေးနွေးမှုလုပ်ငန်းစဉ်ကို သူ့ဘက်ကစတင်မည်မဟုတ်ကြောင်း မစ္စတာဆူးစ်ယာရာကပြောခဲ့ပြီး နှစ်ဖက်စလုံးအတွက် အပြန်အလှန်သဘောတူညီထားသော စိတ်စေတနာကောင်းများရှိရမည်ဟု ဆက်လက်ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၉ ရက်နေ့က ရို-က်တာသတင်းဌာနနှင့် အင်တာဗျူး၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုရာတွင် ကမ္ဘောဒီးယားသည် ရိုးသားမှုကို ပြသရမည်ဖြစ်ကာ တင်းမာမှုလျှော့ချရေးကို အရင်စပြုလုပ်ရမည်ဖြစ်ပြီး ကြားလူ/အဖွဲ့အစည်း၏ ကြားဝင်စေ့စပ်မှုမရှိကြောင်း ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
