ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်စေ့စပ်ပေးမှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် နယ်နိမိတ်အငြင်းပွားမှုဆိုင်ရာ တင်းမာမှုများကို လျှော့ချရန်အတွက် အဓိကခြေလှမ်းကို လှမ်းခဲ့ကြပြီး နှစ်ဖက်နယ်စပ်တွင် ချထားသော လက်နက်များကို စတင်ဖယ်ရှားသွားမည်ဟု ပြောကြားခဲ့သည်။
ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော နယ်စပ်တို-က်ပွဲများကြောင့် လူ သုံးဒါဇင်ကျော် ေ-သဆုံးခဲ့ရသော အရှေ့တောင်အာရှနှစ်နိုင်ငံသည် ဒုံးပစ်လောင်ချာများ၊ အမြောက်စနစ်များနှင့် တို-က်ပွဲဝင်တင့်ကားများကို ဖယ်ရှားမည့် နှစ်လကြာလုပ်ငန်းစဉ်ကို စတင်တော့မည်ဖြစ်ကြောင်း သောကြာနေ့က ဒေသဆိုင်ရာ နယ်ခြားကော်မတီ၏ ပူးတွဲကြေငြာချက်တွင် ဖော်ပြခဲ့သည်။
အောက်တိုဘာလ ၂၆ ရက် နေ့က မလေးရှားနိုင်ငံမြို့တော်တွင် ထရမ့်ပ်က ကြီးကြပ်သော ကွာလာလမ်ပူရ် ငြိမ်းချမ်းရေးစာချုပ်များဟု ခေါ်ဆိုသည့် အခမ်းအနားတွင် အိမ်နီးချင်းနှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက်နှစ်ဖက် လက်နက်ဖြုတ်သိမ်းရေးအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပက်တေ ဟက်ဆက်သည်လည်း သောကြောနေ့က နှစ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
အခြေခံအားဖြင့် ပူးတွဲကြေညာချက်တစ်ခုဖြစ်သော သဘောတူညီချက်အရ နယ်စပ်အငြင်းပွားမှုကို တည်ရှိပြီး ဖြစ်သောနှစ်နိုင်ငံ ယန္တရားများမှတဆင့် ဖြေရှင်းရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး နယ်စပ်ဒေသများရှိ ဖျ-က်အားပြင်း၊ အကြီးစားလက်နက်များကို ရုပ်သိမ်းခြင်းအပါအဝင် ယုံကြည်မှုတည်ဆောက်ရေးအတွက် ခိုင်မာသောခြေလှမ်းများ ဖော်ဆောင်ရန် ဖော်ပြထားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
