နယ်စပ်ဒေသ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေး
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Piyapak Sricharoen နှင့် ဒီဇင်ဘာ (၂၄) ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာအားကောင်လာစေရေးနှင့် နယ်စပ်ဒေသရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တို-က်ဖျ-က်ရေးအပေါ် ကြိုပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုအခြေအနေများနှင့် အနာဂတ် စီးပွားရေးအခွင့်အလမ်းများရှာဖွေရေး စသည့်ကိစ္စရပ်များအပေါ် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
