Friday, December 13, 2024

လူသားချင်းစာနာမှု အကျပ်အတည်းတိုးမြင့်လာမည့် နိုင်ငံ(၅) နိုင်ငံတွင်...

လူသားချင်းစာနာမှု အကျပ်အတည်း တိုးမြင့်လာမည့် နိုင်ငံ(၅)နိုင်ငံတွင် မြန်မာပါဝင်လာသည်ဟု နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)က အသိပေးထုတ်ပြန်ထားသည်။  အဆိုပါ (၅)နိုင်ငံမှာ ပထမ‌နေရာတွင် ဆူဒန်၊ ဒုတိယနေရာတွင် ပါလက်စတိုင်း၊တတိယနေရာတွင်မြန်မာ၊...

လာမည့်နှစ်ကစပြီး ထိုင်းကို e-Visa လျှောက်ထားနိုင်မည်

ဇန်နဝါရီလက စတင်၍ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားရာတွင် အွန်လိုင်း(e-Visa) စနစ်ဖြင့်စတင်လျှောက်ထားနိုင်မည်ဟု ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်နေ့)ကထုတ်ပြန်သည်။ ယင်းစနစ်ကို...

ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် MNL U-20 Youth...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပပေးခဲ့သည့် MNL U-20Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီဆွတ်ခူးခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထုတ်ပြန်သည်။ အလားတူ ဂျူနီယာလိုင်းယွန်းအက်ဖ်စီ...

အမေရိကန်က ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ...

ခဲယမ်းမီးကျောက်များ၊ သံချပ်ကာယာဉ်များ၊ ဓာတ်ရောင်ခြည်သင့်မှု ဓာတုနှင့် ဇီဝလက်န-က်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ ပါဝင်မည့် နောက်ထပ် ဒေါ်လာ သန်း ၅၀၀တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အထောက်အပံ့...
HomeNewsLocal Newsထိုင်းနိုင်ငံသို့ Hass အမျိုးအစား...

ထိုင်းနိုင်ငံသို့ Hass အမျိုးအစား ထောပတ်သီးတန်ချိန် ၁၀၀၀ ကျော်နှင့် အခြားထောပတ်သီးအမျိုးအစား တန်ချိန် ၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံမှ ထွက်ရှိသော Hass ထောပတ်သီးများကို ပြီးခဲ့သည့် ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အခြားထောပတ်သီးအမျိုးအစားတန်ချိန် ၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများက စိတ်ဝင်စားမှုရှိသည့်အတွက် နိုင်ငံတကာဈေးကွက်သို့ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့ရောင်းချကာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ တရုတ်နှင့် တခြားပြည်ပနိုင်ငံများသို့ ဈေးကွက်တိုးချဲ့လာနိုင်စေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ထောပတ်သီးရာသီ နိုဝင်ဘာလမှ ဖေဖေါ်ဝါရီလအထိ ကျိုင်းတုံ-တာချီလိတ် နယ်စပ်ကုန်သွယ်ရေးလ မ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ Hass ထောပတ် သီးတန်ချိန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အခြားထောပတ် သီး အမျိုးအစားများကိုလည်း တန်ချိန် ၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီးများကို ပြီးခဲ့သည့်နှစ်က မလေးရှားနိုင်ငံသို့ စမ်းသပ်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံသို့လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် အနည်းငယ် စတင်တင်ပို့နေပြီဖြစ်ရာ လာမည့်ထောပတ်သီးရာသီတွင် မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ မြန်မာနိုင်ငံမှ ထောပတ်သီးများ ဈေးကွက်တိုးချဲ့ တင်ပို့လာနိုင်ဖွယ်ရှိကြောင်းနှင့် တရုတ်နိုင်ငံသို့လည်း G to G စနစ်ဖြင့် တင်ပို့နိုင်ရန် သက်ဆိုင်ရာဌာနများ အချင်းချင်းစတင်ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူသားချင်းစာနာမှု အကျပ်အတည်းတိုးမြင့်လာမည့် နိုင်ငံ(၅) နိုင်ငံတွင် မြန်မာပါဝင်လာ

လူသားချင်းစာနာမှု အကျပ်အတည်း တိုးမြင့်လာမည့် နိုင်ငံ(၅)နိုင်ငံတွင် မြန်မာပါဝင်လာသည်ဟု နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)က အသိပေးထုတ်ပြန်ထားသည်။  အဆိုပါ (၅)နိုင်ငံမှာ ပထမ‌နေရာတွင် ဆူဒန်၊ ဒုတိယနေရာတွင် ပါလက်စတိုင်း၊တတိယနေရာတွင်မြန်မာ၊ စတုတ္ထနေရာတွင် ဆီးရီးယား နှင့် ပဉ္စနေရာတွင် တောင် ဆူဒန် တို့ဖြစ်ကြကြောင်း သိရသည်။ ယင်းအနက် မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကျပ်အတည်း တိုးမြှင့်လာမည်ဖြစ်သည်ဟု IRC ၏ အသိပေးချက်တွင်ဖော်ပြထားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူပေါင်း (၉) သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ထက် (၃၇)...

လာမည့်နှစ်ကစပြီး ထိုင်းကို e-Visa လျှောက်ထားနိုင်မည်

ဇန်နဝါရီလက စတင်၍ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားရာတွင် အွန်လိုင်း(e-Visa) စနစ်ဖြင့်စတင်လျှောက်ထားနိုင်မည်ဟု ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်နေ့)ကထုတ်ပြန်သည်။ ယင်းစနစ်ကို မြန်မာနိုင်ငံသားများအပြင် မြန်မာနိုင်ငံအတွင်း လာနေထိုင်နေသည့် တခြားနိုင်ငံသားများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။ ထိုသို့ e-Visa စနစ် အပြောင်းအလဲပြုလုပ်ရန်အတွက် ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဗီဇာလျှောက်လွှာများကို လက်ခံမည် မဟုတ်သေးကြောင်းလည်း ထိုင်းသံရုံးက ကြေညာထားသည်။ ဗီဇာလျှောက်လွှာများကို စိစစ်အကဲဖြတ်ချိန်သည် ၁၀ ရက်မှ ၁၅ ရက်ကြာမြင့်နိုင်ကာ ဗီဇာကြေးကို ထိုင်းသံရုံးဗီဇာကောင်တာ၌...

ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် MNL U-20 Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ အနှစ်ချုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပပေးခဲ့သည့် MNL U-20Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီဆွတ်ခူးခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထုတ်ပြန်သည်။ အလားတူ ဂျူနီယာလိုင်းယွန်းအက်ဖ်စီ အသင်းအနေဖြင့် ဒုတိယ၊ ISPE FC အသင်းအနေဖြင့် တတိယဆု ဆွတ်ခူးခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်း (၁၃)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ်များတလျှောက် သွင်းဂိုးအရေအတွက် စုစုပေါင်း (၄၃၈) ဂိုးအနက် သွင်းဂိုးအများဆုံး ရရှိသည့်အသင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းမှ (၅၅) ဂိုးအထိ ရရှိခဲ့ပြီး၊ ပေးဂိုးအများဆုံး ခွင့်ပြုခဲ့ရသည့်အသင်းမှာ မဟာယူနိုက်တက်အသင်းမှ (၅၇) ဂိုးပေးခဲ့ရသည်။ ထို့ပြင် ပြိုင်ပွဲတလျှောက် သွင်းဂိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071