ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက်မှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၁၀၁) ဦးသည် ဇွန်လ (၇) ရက်က မြဝတီ – မဲဆောက် ချစ်ကြည်ရေး တံတားအမှတ်(၂)မှတဆင့် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား (၁၀၁) ဦးတွင် အမျိုးသား (၆၂) ဦးနှင့် အမျိုးသမီး (၃၉) ပါဝင်ပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
၎င်းတို့အား ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကိုဗစ်(၁၉) ရောဂါပိုးရှိ/မရှိစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်ကောက်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအနက်မှ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ရွှေမြဝတီ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းတို့တွင် (၁၀) ရက် ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။