Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeNewsLocal Newsထိုင်းနိုင်ငံသို့ ငါးသွားရောက်ရောင်းချနေသည့် တနင်္သာရီတိုင်းအတွင်းမှ...

ထိုင်းနိုင်ငံသို့ ငါးသွားရောက်ရောင်းချနေသည့် တနင်္သာရီတိုင်းအတွင်းမှ ကမ်းနီးငါးသယ်လှေများတွင် ရေယာဉ်စောင့်ကြည့်ရေးစနစ် (VMS) တပ်ဆင်ရမည်

တနင်္သာရီတိုင်းအတွင်းမှ ထိုင်းနိုင်ငံသို့ ငါးသွားရောက်ရောင်းချနေသည့် ကမ်းနီးငါးသယ်လှေများတွင် ရေယာဉ်စောင့်ကြည့်ရေးစနစ် (VMS) တပ်ဆင်ရမည်ဖြစ်ကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ငါးဖမ်းဆီးခြင်းဆောင်ရွက်နေသည့် ကမ်းဝေးငါးဖမ်းလှေကြီးများတွင် (VMS) တပ်ဆင်ထားသလို ငါးသယ်လှေကြီးများတွင်လည်း(VMS) တပ်ဆင်ထားပြီးဖြစ်ကြောင်းနှင့် (VMS) တပ်ဆင်ရာတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ပြီး တပ်ဆင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက လှေနှင့် လုပ်ငန်းပါ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပင်လယ်ပြင်အတွင်း လုပ်ကိုင်လျက်ရှိသည့် ငါးဖမ်းလှေများနှင့် ငါးသယ်လှေများကို နေပြည်တော်၊ ရန်ကုန်နှင့် မြိတ်မြို့တို့တွင် စောင့်ကြည့်ရေးစင်တာများထားရှိကာ စောင့်ကြည့်ဆောင်ရွက်နေပြီး ကမ်းဝေးငါးဖမ်းလှေကြီးများနှင့် ငါးသယ်လှေကြီးများတွင် (VMS) ကို အချိန်ပြည့်တပ်ဆင်ထားရပြီး ငါးဖမ်းရာသီရပ်နားထားရသည့်အချိန်များတွင်လည်း (VMS) တပ်ဆင်ကာ လစဉ်ကြေးပေးဆောင်ရကြောင်းလည်း သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရကာလ Closed Season အား ငါးဖမ်းလှေအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နှစ်လမှ သုံးလအထိ ပိတ်သိမ်းရပြီး ငါးသားပေါက်ရာသီ (သို့မဟုတ်) ငါးမဖမ်းရရာသီအား ဧပြီ၊ မေ၊ ဇွန်လများအဖြစ် သတ်မှတ်ထားကာ တစ်နှစ်လျှင် ရှေ့တစ်လစီတိုး၍ သတ်မှတ်သွားမည့်အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းကွက်များအား ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာသတ်မှတ်ခြင်းကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၂၃ အရ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Photo Credit- မြ၀တီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး မြန်မာပါဝင်တက်ရောက်

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းသံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေးကို ကင်ဘာရာမြို့ရှိ ထိုင်းသံရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာ ကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်ကပြန်လည်လွှဲပြောင်းပေး

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊ ဂါနာနိုင်ငံသား(၄)ဦး၊ ကာဂျစ္စတန်နိုင်ငံသား(၁)ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖလူး-လေးကေ့ကော်-မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့မောင်းနှင်လာသော (၁၀)ဘီးကား(၄)စီးပေါ်တွင် တရုတ်နိုင်ငံသား အမျိုး သား(၂၁၇)ဦး၊ အမျိုးသမီး(၁၅)ဦး(စုစုပေါင်း ၂၃၂ ဦး) တို့ကိုဖမ်းဆီးရမိခဲ့ကြောင်း...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန် ဖြန့်ဖြူးပေးနေ

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ စားသုံးမှုနဲ့တွက်လို့ရှိရင် အများကြီးလိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို အာရုံစိုက်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071