ထိုင်းနိုင်ငံသို့ သာသနာပြုခရီးစဥ်အဖြစ် ဇန်နဝါရီ ၇ ရက်မှစတင်၍ ကြွချီတော်မူခဲ့သည့် မိုင်းဖုန်းဆရာတော်ကြီးသည် ဇန်နဝါရီ ၁၆ ရက်(ယနေ့) တွင် တာချီလိတ်မြို့သို့ ပြန်လည်ကြွရောက်တော်မူလာခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီးသည် ထိုင်းနိုင်ငံ၌ သာသနာပြုခရီးစဥ်အဖြစ် ၁၀ ရက်ကြာကြွရောက်တော်မူခဲ့ခြင်းဖြစ်ကာ ယနေ့တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တာချီလိတ်မြို့သို့ ပြန်လည်ကြွရောက်တော်မူခဲ့ခြင်းဖြစ်သည်။
မိုင်းဖုန်းဆရာတော်ကြီးသည် ဝိဇာတမွေးနေ့မင်္ဂလာနှင့်ဗုဒ္ဓဂယာစေတီတော်ထီးတင်ပွဲအပြီး၌ ထိုင်းနိုင်ငံသို့ ကြွရောက်တော်မူခဲ့ခြင်းဖြစ်သည်။


