ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်ရှိ ဆီလီကွန်ဆီစက်ရုံ၏ ရေလှောင်ကန်အတွင်း၌ မြန်မာအလုပ်သမားတစ်ဦး ဒီဇင်ဘာ ၂၂ ရက်ကပြုတ်ကျေ-သဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
ထို့ကြောင့် မြန်မာအလုပ်သမားသံအရာရှိများမှ ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းအလုပ်အကိုင်ဌာန၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနနှင့် လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ စက်ရုံအားကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာအလုပ်သမားသံအရာရှိများက ေ-သဆုံးသူ မြန်မာအလုပ်သမား၏ မိသားစုဝင်များနှင့်တွေ့ဆုံ၍ အားပေးစကားနှင့် ရသင့်ရထိုက်သည်များရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိမှုတို့ကို ပြောကြားခဲ့ကြကြောင်း သိရသည်။
