ထိုင်းနိုင်ငံ၊စာမွတ်ပါရကန်ခရိုင်၊ဖက်ပဒဲလ်နယ် မြေရှိ ကော်စက်ရုံ၌အလုပ်လုပ်နေသည့် မြန်မာ နိုင်ငံသား ကိုမျိုးကိုကိုကျော်(၂၄)နှစ်သည် အ လုပ်လုပ်နေစဥ် စက်ထဲသို့လက်ဝင်သွား၍ ညာ ဘက်လက်ပျက်စီးသွားခဲ့သည်ဟု AAC မဟာ မိတ်အဖွဲ့မှ သိရသည်။
ကိုမျိုးကိုကိုကျော်သည် MoU အလုပ်သမားတစ်ဦးဖြစ်ကာ အလုပ်လုပ်နေစဥ် စက်ထဲသို့ဝင်သွားသည့် ပစ္စည်းတစ်ခုအား ထုတ်ယူရာမှလက်ဝင်ကာညပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စက်ထဲသို့လက်ဝင်သွားခဲ့သဖြင့် ကိုမျိုးကိုကိုကျော်၏ ညာဘက်လက်မှာ ပျက်စီးသွားခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကိုမျိုးကိုကိုကျော်အား ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ ထိုက်သင့်သည့်နစ် နာကြေးရရှိရန် AAC မဟာမိတ်အဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Photo-AAC မဟာမိတ်
