ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေပြီး ယခုဖေဖော်ဝါရီလ ၁၃ ရက်တွင် အလုပ်လုပ်ကိုင်ခွင့်(Work Permit)သက်တမ်းကုန်သွားသည့် မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရမှ Work Permit သုံးလ ထပ်မံသက်တမ်းတိုးပေးလိုက်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
အလုပ်လုပ်ကိုင်ခွင့်အသစ်ရရှိရန် လိုအပ်သည့် စာရွက်စာတမ်းတွေနှင့်အတူ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ မေလ ၁၅ ရက်အထိ လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်ပြည့်စုံသူတွေအတွက် အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သံရုံးက ကြေညာထားသည်။
ယင်းအပြင် CI စခန်း ၄ ခုကိုလည်း မေလ ၁၃ ရက်အထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
မြန်မာသံရုံး (ဘန်ကောက်မြို့)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့)တို့အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
