၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဘန်ကောက်မြို့ ၊ မြန်မာသံရုံး၌ မဲရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါသံရုံးမှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ ဘန်ကောက်မြို့၊ မဲရုံအား ဒီဇင်ဘာ ၆ ရက် (စနေနေ့)မှ ဒီဇင်ဘာ ၇ ရက် (တနင်္ဂနွေနေ့) အထိ နံနက် (၉)နာရီမှ ညနေ ၄ နာရီအထိ မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ပုံစံ-၁၅ များအား အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီခွဲ အတွင်း ပေးပို့တင်ပြခဲ့သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအနေဖြင့် အထက်ဖော်ပြပါ နေ့ရက်နှင့် အချိန်အတိုင်း သံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် ကြိုတင်ဆန္ဒမဲလာရောက်ပေးရာတွင် မိမိတို့၏ နိုင်ငံသား စိစစ်ရေးကတ် မူရင်း/မိတ္တူနှင့် နိုင်ငံကူးလက်မှတ်မူရင်း ယူဆောင်လာကြပါရန် အသိပေးထားသည်။
