ထိုင်းနိုင်ငံ၊ဘန်ဘောမြို့နယ်တွင် ဒီဇင်ဘာ ၆ ရက်ညပိုင်းက မြန်မာနိုင်ငံသား ၁ ဦး ၆ ထပ်တိုက်ပေါ်မှခုန်ချ၍ သေကြောင်းကြံစည်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ည ၉ နာရီခန့်က မြန်မာနိုင်ငံသား ၁ ဦးသည် ဘန်ဘောမြို့နယ်၊အေကချိုင် ၈၃/၁ တွင် ၆ ထပ်တိုက်ပေါ်မှခုန်ချ၍ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခုန်ချသေကြောင်းကြံစည်ခဲ့သော်လည်း အောက်တွင်ရှိသည့် အမှိုက်ပုံပေါ်သို့ကျကာ သေဆုံးခြင်းမရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)သာရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ခုန်ချရသည့် အကြောင်းရင်းအား ထိုင်းနိုင်ငံတာ ဝန်ရှိသူများက စစ်ဆေးလျက်ရှိပြီး ခုန်ချသေ ကြောင်းကြံစည်သူ၏ ညီဖြစ်သူထွက်ဆိုချက်အရ စိတ်ညစ်၍ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
