Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsထိုင်းနိုင်ငံတွင်ရောက်နေကြသော မြန်မာစစ်ဘေးရှောင်များထဲမှ အယောက်...

ထိုင်းနိုင်ငံတွင်ရောက်နေကြသော မြန်မာစစ်ဘေးရှောင်များထဲမှ အယောက် ၅၀၀ ခန့် အိမ်ပြန်ခွင့်ရ

(Unicode)

ထိုင်းနိုင်ငံတွင်ရောက်နေကြသော မြန်မာစစ်ဘေးရှောင်များထဲမှ အယောက် ၅၀၀ ခန့် အိမ်ပြန်ခွင့်ရ

ထိုင်းနိုင်ငံတွင်ရောက်နေကြသော မြန်မာစစ်ဘေးရှောင်များထဲမှ အယောက် ၅၀၀ ခန့် အိမ်ပြန်ခွင့်ရကြကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပေါ်ပြူလာကို ပြောသည်။

“ဟုတ်တယ် သူတို့က စစ်ဘေးရှောင်နှစ်နေရာ ချထားတယ်။ မဲဆောက်ခရိုင်တစ်နေရာနဲ့ ဖွတ်ဖ ခရိုင်တစ်နေရာကို ချထားတယ်။ မဲဆောက်ထဲမှာ ၄၅၀၀ ကနေ ၅၀၀ ကျော် အိမ်ပြန်ခွင့်ပေးလိုက်တယ်။ လေးကေ့ကော်ဘဲသွားရမှာပေါ့ ။ ပြန်ခေါ်တာက လေးကေ့ကော် ဒေသ တိုက်ပွဲ အခြေအနေအရ နည်းနည်းအေးနေတဲ့ အခါကျ သူတို့ကိုယ်တိုင်ပြန်ချင်တာနဲ့ စေတနာ့ဝန်ထမ်း အဖွဲ့နဲ့ အစိုးရအဖွဲ့အစည်းတွေက သူတို့ကို ပြန်လွှတ်ပေးလိုက်တယ် ကားကြီး ၅ စီးနဲ့ပြန်ပို့ပေးလိုက်တယ်။ တိုက်ပွဲတွေမရှိတော့ရင် အခြေအနေကြည့်ပြီး ပြန်ပို့မယ် လောလောဆယ် ပြန်ပို့ ဖို့တော့ မပြောသေးဘူး ဒေသခံတွေက အခြေအနေကြည့်ပြီး သူတို့ဆုံးဖြတ်ချက်နဲ့သူတို့ ခွင့်တောင်းပြန်လိုက်တာပေါ့”ဟု ယင်းကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မဲဆောက်ခရိုင်တွင်း ရောက်ရှိနေသော မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၄၅၀၀ ဦး ထဲမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ၅၀၁ ဦး နေအိမ်ပြန်ခွင့် ရကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသော စစ်ဘေးရှောင် များကို မဲဆောက်ဒေသခံ စေတနာ့ဝန်ထမ်းများ နှင့် ထိုင်းရောက် အလုပ်သမားများက စားသောက်ကုန်၊ သောက်ရေများ ၊ အဝတ်ထည်များ သွားရောက်လှူဒါန်းပေးအပ်ကြကြောင်း လည်း အဆိုပါ အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသတွင် ပြီးခဲ့သည့် ရက်များက ဖြစ်ခဲ့သော တိုက်ပွဲများကြောင့် မဲဆောက် နှင့် ဖွတ်ဖ ခရိုင် နှစ်ခုတွင် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၅၀၀၀ ကျော် ရောက်ရှိ ခိုလှုံနေကြခြင်း ဖြစ်သည်။

“မြဝတီတောင်ဘက်ခြမ်း မယ်ထော်သလေး လေးကေ့ကော်ဒေသခံတွေ က လေးကေ့ကော် မယ်ထော်သလေး တစ်ဘက်ကမ်း ထိုင်း မြန်မာ နယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ခြမ်း မဲဆောက်ခရိုင် နဲ့ ဖွတ်ဖခရိုင်တွင်းကို ဖြတ်ကူးဝင်ရောက်လာတာ ဖြစ်ပါတယ်”ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖော်ထုတ် သိမ်းဆည်းရမိခဲ့သော လက်နက်၊ ခဲယမ်းများနှင့် မြဝတီ-ရန်ကုန်ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက်‌ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်၊ ခဲယမ်းများ အများစုမှာ လေးကေ့ကော်မြို့သစ်ရှိ ခိုအောင်းနေသူများထံမှ ဆက်စပ်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူများထံမှ သိရခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးက သိရသည်။

ယင်းနောက် အဆိုပါဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည့်အတွက် တပ်မတော်မှ အရာရှိ၊ စစ်သည်များအပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး၊ ဒဏ်ရာရ ၊ ဖမ်းဆီးခံခဲ့ရခြင်းများလည်း ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူလူထုများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေကြရသောကြောင့်သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများအသုံးပြု၍ ဖိတ်ခေါ်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအစိုးရကလည်း တိုက်ပွဲများ ရပ်စဲသွားပါက စစ်ဘေးရှောင်များအား မြန်မာနိုင်ငံဘက်ကို ပြန်လည် ပို့ဆောင်မည်ဟု ပြောဆိုထားကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

(Zawgyi)

ထိုင္းႏိုင္ငံတြင္ေရာက္ေနၾကေသာ ျမန္မာစစ္ေဘးေရွာင္မ်ားထဲမွ အေယာက္ ၅၀၀ ခန႔္ အိမ္ျပန္ခြင့္ရ

ထိုင္းႏိုင္ငံတြင္ေရာက္ေနၾကေသာ ျမန္မာစစ္ေဘးေရွာင္မ်ားထဲမွ အေယာက္ ၅၀၀ ခန႔္ အိမ္ျပန္ခြင့္ရၾကေၾကာင္း စစ္ေဘးေရွာင္ကူညီေရးအဖြဲ႕က ေပၚျပဴလာကို ေျပာသည္။

“ဟုတ္တယ္ သူတို႔က စစ္ေဘးေရွာင္ႏွစ္ေနရာ ခ်ထားတယ္။ မဲေဆာက္ခ႐ိုင္တစ္ေနရာနဲ႔ ဖြတ္ဖ ခ႐ိုင္တစ္ေနရာကို ခ်ထားတယ္။ မဲေဆာက္ထဲမွာ ၄၅၀၀ ကေန ၅၀၀ ေက်ာ္ အိမ္ျပန္ခြင့္ေပးလိုက္တယ္။ ေလးေက့ေကာ္ဘဲသြားရမွာေပါ့ ။ ျပန္ေခၚတာက ေလးေက့ေကာ္ ေဒသ တိုက္ပြဲ အေျခအေနအရ နည္းနည္းေအးေနတဲ့ အခါက် သူတို႔ကိုယ္တိုင္ျပန္ခ်င္တာနဲ႔ ေစတနာ့ဝန္ထမ္း အဖြဲ႕နဲ႔ အစိုးရအဖြဲ႕အစည္းေတြက သူတို႔ကို ျပန္လႊတ္ေပးလိုက္တယ္ ကားႀကီး ၅ စီးနဲ႔ျပန္ပို႔ေပးလိုက္တယ္။ တိုက္ပြဲေတြမရွိေတာ့ရင္ အေျခအေနၾကည့္ၿပီး ျပန္ပို႔မယ္ ေလာေလာဆယ္ ျပန္ပို႔ ဖို႔ေတာ့ မေျပာေသးဘူး ေဒသခံေတြက အေျခအေနၾကည့္ၿပီး သူတို႔ဆုံးျဖတ္ခ်က္နဲ႔သူတို႔ ခြင့္ေတာင္းျပန္လိုက္တာေပါ့”ဟု ယင္းကူညီေရးအဖြဲ႕ တာဝန္ရွိသူက ေျပာသည္။

မဲေဆာက္ခ႐ိုင္တြင္း ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသား စစ္ေဘးေရွာင္ ၄၅၀၀ ဦး ထဲမွ ဒီဇင္ဘာလ ၂၈ ရက္တြင္ ၅၀၁ ဦး ေနအိမ္ျပန္ခြင့္ ရၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

က်န္ရွိေနေသာ စစ္ေဘးေရွာင္ မ်ားကို မဲေဆာက္ေဒသခံ ေစတနာ့ဝန္ထမ္းမ်ား ႏွင့္ ထိုင္းေရာက္ အလုပ္သမားမ်ားက စားေသာက္ကုန္၊ ေသာက္ေရမ်ား ၊ အဝတ္ထည္မ်ား သြားေရာက္လႉဒါန္းေပးအပ္ၾကေၾကာင္း လည္း အဆိုပါ အဖြဲ႕မ်ား၏ မွတ္တမ္းမ်ားအရ သိရသည္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ေလးေက့ေကာ္ေဒသတြင္ ၿပီးခဲ့သည့္ ရက္မ်ားက ျဖစ္ခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ မဲေဆာက္ ႏွင့္ ဖြတ္ဖ ခ႐ိုင္ ႏွစ္ခုတြင္ ျမန္မာႏိုင္ငံသား စစ္ေဘးေရွာင္ ၅၀၀၀ ေက်ာ္ ေရာက္ရွိ ခိုလႈံေနၾကျခင္း ျဖစ္သည္။

“ျမဝတီေတာင္ဘက္ျခမ္း မယ္ေထာ္သေလး ေလးေက့ေကာ္ေဒသခံေတြ က ေလးေက့ေကာ္ မယ္ေထာ္သေလး တစ္ဘက္ကမ္း ထိုင္း ျမန္မာ နယ္စပ္ ေသာင္ရင္းျမစ္ကို ျဖတ္ၿပီး ထိုင္းဘက္ျခမ္း မဲေဆာက္ခ႐ိုင္ နဲ႔ ဖြတ္ဖခ႐ိုင္တြင္းကို ျဖတ္ကူးဝင္ေရာက္လာတာ ျဖစ္ပါတယ္”ဟု စစ္ေဘးေရွာင္ကူညီေရးအဖြဲ႕ တာဝန္ရွိသူက ေျပာသည္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဖာ္ထုတ္ သိမ္းဆည္းရမိခဲ့ေသာ လက္နက္၊ ခဲယမ္းမ်ားႏွင့္ ျမဝတီ-ရန္ကုန္ဆက္သြယ္ေရး လမ္းေၾကာင္း တစ္ေလွ်ာက္‌ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့သည့္ လက္နက္၊ ခဲယမ္းမ်ား အမ်ားစုမွာ ေလးေက့ေကာ္ၿမိဳ႕သစ္ရွိ ခိုေအာင္းေနသူမ်ားထံမွ ဆက္စပ္ဝင္ေရာက္လာျခင္း ျဖစ္ေၾကာင္း ဖမ္းဆီးခံရသူမ်ားထံမွ သိရျခင္း ျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးက သိရသည္။

ယင္းေနာက္ အဆိုပါေဒသတြင္ ပစ္ခတ္တိုက္ခိုက္မႈမ်ား ျဖစ္ခဲ့သည့္အတြက္ တပ္မေတာ္မွ အရာရွိ၊ စစ္သည္မ်ားအပါအဝင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား ထိခိုက္က်ဆုံး၊ ဒဏ္ရာရ ၊ ဖမ္းဆီးခံခဲ့ရျခင္းမ်ားလည္း ရွိေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ အျပစ္မဲ့ျပည္သူလူထုမ်ား တစ္ဖက္ႏိုင္ငံသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရေသာေၾကာင့္သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ေနထိုင္ႏိုင္ေရးအတြက္ အသံခ်ဲ႕စက္မ်ားျဖင့္ ကရင္ဘာသာ၊ ျမန္မာဘာသာစကားမ်ားအသုံးျပဳ၍ ဖိတ္ေခၚထားေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုင္းႏိုင္ငံအစိုးရကလည္း တိုက္ပြဲမ်ား ရပ္စဲသြားပါက စစ္ေဘးေရွာင္မ်ားအား ျမန္မာႏိုင္ငံဘက္ကို ျပန္လည္ ပို႔ေဆာင္မည္ဟု ေျပာဆိုထားေၾကာင္း ထိုင္းေဒသတြင္း သတင္းမ်ားအရ သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071