ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ၂၀၂၂ ခုနှစ် သက်တမ်းကုန်နေသည့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၇ ရက်တွင် ရက်ချိန်းတိုကင်များပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။
ထို့ပြင် ယခင်ရရှိထားသူများကိုလည်း ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကာ OWIC ကဒ်များကိုလည်း တစ်ပါတည်းပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ပေးခြင်းအား တစ်ပတ်လျင် စနေနေ့တစ်ရက်သာ နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ မြန်မာသံရုံးသစ်နေရာ၌ ထုတ်ပေးသွားမည်ဖြစ်သည်။
တိုကင်ရက်ချိန်းအား နိုင်ငံကူးလက်မှတ်စာအုပ်အဟောင်းတွင်တံဆိပ်တုံးရိုက်၍ အမှတ်အသားပြုလုပ်ပေးမည်ဖြစ်၍ ကိုယ်တိုင်လာရောက်သူ များကိုသာ ထုတ်ပေးမည်ဖြစ်ရာ ကိုယ်စားလှယ်များအား လုံးဝ(လုံးဝ)ထုတ်ပေးမည်မဟုတ်ဟု မြန်မာသံရုံးက အသိပေးခဲ့သည်။
