Tuesday, August 4, 2026

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃...

လျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ် ၁၉...

ရန်ကုန်၊ ဩဂုတ် ၄လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ဩဂုတ် ၃...
HomeInternationalထိုင်းတွင် တရုတ်လူမျိုး ၈...

ထိုင်းတွင် တရုတ်လူမျိုး ၈ ဦးကို မိုလ်ဘိုင်းဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းမိ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွင် ခရီးသွားဘတ်စ်တစ်စီးဖြင့် ခရီးသွားနေသည့် တရုတ်လူမျိုး ၈ ဦးထံမှ မိုလ်ဘိုင်းဖုန်း ၉၁ လုံး တွေ့ရှိခဲ့ပြီး ၎င်းတို့သည် ဗီဇာသက်တမ်းလွန် နေထိုင်ခဲ့ကြောင်းနှင့် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဘန်ကောက်မှ ဥဘုံရတ်ချာထနီပြည်နယ်သို့ ထွက်ခွာလာသည့် ဘတ်စ်ကားကို ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့်တွင် မြောင်ခရိုင် Yasothon ဘတ်စ်ကားဂိတ်တွင် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ဦးသည် ဗီဇာသက်တမ်းလွန်နေထိုင်နေသူများဖြစ်ကာ ကျန်လူများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ခြင်းကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

ရှာဖွေမှုတွင် အိတ်တစ်လုံးအတွင်းမှ မိုလ်ဘိုင်းဖုန်း ၉၁ လုံးကိုလည်း တာဝန်ရှိသူများက တွေ့ရှိခဲ့ကြသည်။ အဆိုပါဖုန်းများသည် ၎င်းတို့ ပစ္စည်းများမဟုတ်ဟု စကားပြန်မှတဆင့် ၎င်းတို့က ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

သံသယရှိသူများသည် ငွေလိ-မ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်သူများဟု ယူဆရကြောင်းနှင့် နယ်စပ်ဒေသများတွင် တရားမဝင်လုပ်ငန်းများကို အပြင်းအထန်နှိမ်နင်းနေမှုများကြောင့် ၎င်းတို့အခြေစိုက်ရာကို အခြားနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ ရေဘေးသင့်နေသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃ ရက်ကလည်း တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပေါက်ကုန်းကျေးရွာကျောင်း တိုက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေ ဘေးသင့်သူများကိုလည်းတွေ့ဆုံကာအားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ လေးမျက်နှာမြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071