ထိုင်းနိုင်ငံတွင် ဓါတ်ပုံရိုက်ကူးရေးလုပ်ငန်းတစ်ခုကို လက်ခံခဲ့ပြီးနောက် ပျေ-ာက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဘန်ကောက်ရှိ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံသားများအနေဖြင့် အလုပ်အကိုင်ကမ်းလှမ်းမှုများကို အလွယ်တကူလက်ခံခြင်းမပြုရန် သတိပေးခဲ့သည်။
မျိုးရိုးအမည် Zhong ဟုခေါ်သူကို ကယ်ဆယ်နိုင်ခဲ့ခြင်းသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းကြိုးပမ်းမှုဖြစ်ကြောင်း သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြခဲ့ပြီး ယင်းပုဂ္ဂို၏ အမည်အပြည့်အစုံနှင့် ကျား/မ ကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။
တရုတ်အစိုးရက ကျောထောက်နောက်ခံပြု ထားသောဒေသခံ မီဒီယာ၏ ဇူလိုင်လ ၄ ရက်နေ့ သတင်းဖော်ပြချက်အရ Zhong သည် မဂ္ဂဇင်းမျက်နှာဖုံး ဓါတ်ပုံရိုက်ကူးရေးအတွက် ဇွန်လအစောပိုင်းတွင် ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံရှိ နေရာအတည်အကျမသိရသော အရပ်တွင် သူရောက်ရှိနေစဉ် လွန်ခဲ့သည့် သီတင်းပတ်က အစ်မဖြစ်သူသည် သူ့ထံမှ မသင်္ကာဖွယ် ဖုန်းခေါ်ဆိုမှုရှိ ရရှိခဲ့ပြီး သူပျောက်ဆုံးနေကြောင်းကို ကွမ်ကျိုးနှင့် ဘန်ကောက်ရဲတပ်ဖွဲ့များထံ အကြောင်းကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက အသံလွှင့် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများတွင် လစာမြင့်မားသော သံသယဖြစ်ဖွယ် ကမ်းလှမ်းမှုများကို သတိပြုကြရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် ပြည်ပနိုင်ငံသားများသည် သက်ဆိုင်ရာ ခွင့်ပြုချက်များ ရရှိရန်လိုအပ်ကြောင်း ဘန်ကောက်ရှိတရုတ်သံရုံးက ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ တရုတ်သံရုံးသည်လည်း ဆက်သွယ်ရေးကွန်ရက်လိ-မ်လ-ည်မှုနည်းလမ်းအသစ်များ ပေါ်ပေါက်နေခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၄ ရက်နေ့တွင် ၎င်း၏ WeChat အကောင့်မှတဆင့် ရှည်လျားသော သတိပေးချက် ထုတ်ပြန်ခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်