ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် သုံးခုအတွင်း ဒေါင့်သန်းရောဂါဆက်နွယ်သော ပထမဆုံး လူေ-သဆုံးမှုဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး Mukdahan ပြည်နယ်တွင် အဆိုပါ ဘက်ဆီးရီးယားပိုးနှင့် ထိတွေ့ဖွယ်ရှိသူ ရာနှင့်ချီရှိနိုင်သည်ဟု အာဏာပိုင်များက ဖော်ထုတ်ခဲ့ပြီးနောက် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
အဆိုပါပြည်နယ်တွင် ရောဂါပိုးတွေ့လူနာနှစ်ဦးကို အတည်ပြုခဲ့ပြီး ဒေါင့်သန်းရောဂါ ကူးစက်ခံရသည့် အသက် ၅၃ နှစ်အရွယ် လူနာသည် ဗုဒ္ဓဟူးနေ့တွင် ေ-သဆုံးခဲ့ကြောင်းနှင့် သံသယရှိကူးစက်သူ သုံးဦးကို စုံစမ်းစစ်ဆေးနေသည်ဟု ပြည်နယ်ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narong Chankaeo က သောကြာနေ့တွင် ပြောကြားခဲ့သည်။
ေ-သဆုံးခဲ့သူနှင့် ၎င်း၏ မိတ်ဆွေနှစ်ဦးစလုံးတွင် လက်များ၌ အရေပြားအနာဒဏ်ရာများနှင့် အနီစက်များအပါအဝင် ရောဂါလက္ခဏာများပြသခဲ့သည်။ သို့ရာတွင် ရောဂါမကူးစက်မီက ကျန်းမာရေးကောင်းမွန်သူဖြစ်သော ပိုးတွေ့လူနာသည် ပြင်းထန်သော ရောဂါလက္ခများ မပြသေးဘဲ ေ-သဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆရာဝန်က ပြောကြားခဲ့သည်။
သူ့ကို ဆေးရုံတွင် ကုသမှုပေးနေခြင်းဖြစ်ကာ ပြင်းထန်သော နောက်ဆက်တွဲ လက္ခဏာများ မပေါ်ပေါက်ပါက နှစ်ပတ်ခန့်အတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ထားခဲ့ကြောင်းလည်း ဒေါက်တာ Narong က ဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဒေါင့်သန်းရောဂါ ကူးစက်ဖြစ်ပွားမှု ဒါဇင်ချီရှိခဲ့သည့် လာအိုနိုင်ငံ၏ မဲခေါင်မြစ်တစ်ဖက်ကမ်းရှိ Don Tan ခရိုင်ကို လက်ရှိ၌ ရောဂါထိန်းချုပ်ရေးနယ်မြေအဖြစ် ကြေညာလိုက်ပြီဖြစ်သည်။
Don Tan တွင် လူပေါင်း (၆၃၈) ဦးသည် တူညီသော ရောဂါကူးစက်မှု အရင်းအမြစ်နှင့် ထိတွေ့မိခဲ့သည်ကို သိရှိထားကြောင်း သားသတ်ခြင်းနှင့် အသားစိမ်း သို့မဟုတ် မကျက်သေးသော အသားကို စားသုံးခြင်းမှ ရောဂါကူးစက်ကြောင်း ဆရာဝန်က ပြောကြားခဲ့သည်။
ဒေါင့်သန်းရောဂါသည် ရောဂါပိုးရှိသော တိရစ္ဆာန်မှ လူသို့ကူးစက်လေ့ရှိကာ လူအချင်းချင်း ကူးစက်ခြင်းမရှိဟု သိရသည်။
Ref: ဘန်ကောက်ပို့စ်