ထိုင်းနိုင်ငံအာဏာပိုင်များသည် နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးရေကြီးမှုကြောင့် ပိတ်မိနေခဲ့သော တောင်ပိုင်းဆေးရုံမှ ရောဂါပြင်းထန်သောလူနာများကို ရွှေ့ပြောင်းပေးရန်အတွက် ရဟတ်ယာဉ်များကို စေလွှတ်ရန် စီစဉ်ထားသည်။ ရေကြီးရေလျှံသဖြင့် ေ-သဆုံးသူဦးရေသည် ၃၃ ဦးအထိ မြင့်တက်လာပြီး မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
ထိုင်း၏ ပြည်နယ်ကိုးခုနှင့် အိမ်နီးချင်းမလေးရှားနိုင်ငံမှ ပြည်နယ် ရှစ်ခုတွင် ၂ နှစ်ဆက်တိုက် ရေကြီးခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် လူဦးရေ ၄၅,၀၀၀ နီးပါးကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။
ထိုင်းနိုင်ငံ၏ ရေဘေးဒ-ဏ်ကို အဆိုးဆုံးခံနေရသော ဟတ်ယိုင်မြို့တွင် အထူးကြပ်မတ်ကုသမှုကို ခံယူနေသည့် လူနာ ၅၀ အပါအဝင် လူနာ ၆၀၀ ခန့်ကို ကုသမှုပေးနေသော အဓိက အစိုးရဆေးရုံ၏ ပထမထပ်သည် ရေမြုပ်သွားခဲ့ပြီးနောက် ရဟတ်ယာဉ်များဖြင့် အစားအစာများပို့ဆောင်ပေးမည်ဖြစ်ကာ လူနာများကို ခေါ်ထုတ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“ဒီနေ့မှာ အထူးကြပ်မတ်ကုသဆောင်က လူနာအားလုံးကို ဟတ်ယိုင်ဆေးရုံကနေ ရွှေ့ပြောင်းပေးသွားမှာပါ” ဟု ဝန်ကြီးဌာနအရာရှိ ဆွမ်ရက်ခ် ချန်ဆာမန်က ရို-က်တာကို ပြောသည်။
ဟတ်ယိုင်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ရဟတ်ယာဉ် ၂၀ နှင့် လှေ ၂၀၀ စီးခန့် ပါဝင်သော်လည်း ပိတ်မိနေသူများထံရောက်ရှိရေးသည် အခက်အခဲရှိနေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဆီရီပွန် အန်ကာဆာကူလ်ကီယတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဆေးရုံတွင် လူနာများ၊ ဆွေမျိုးသားချင်းများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၂,၀၀၀ ခန့်ရှိနေပြီး ရေများပြန်ကျလာပြီဖြစ်၍ လှေများဖြင့် အစားအစာများရောက်ရှိသင့်ဖြစ်ကြောင်း ဆွမ်ရက်ခ်က ပြောကြားခဲ့သည်။
ဟတ်ယိုင်တွင် ပြီးခဲ့သည့်သီတင်းပတ်က တစ်ရက်တည်း မိုးရေချိန် ၃၃၅ မီလီမီတာအထိရွာသွန်းခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၃၀၀ အတွင်း တစ်ရက်တာ၏ အမြင့်ဆုံး မိုးရေချိန်ဖြစ်သည်။
Ref: နစ်ကေးအေးရှား
