တိုင်ပေ၊ဒီဇင်ဘာ ၁၂
ထိုင်ဝမ်သမ္မတဟောင်း မာရင်ချုံသည် ယခုလအနှောင်းပိုင်းတွင် ဟေလုံချန်နှင့်စီချွမ်ပြည်နယ်များသို့ သွားရောက်မည်ဖြစ်ပြီး ၎င်းသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖောင်ဒေးရှင်းကပြောကြားခဲ့သည်။
မာရင်ချုံဖောင်ဒေးရှင်းစီအီးအိုကမူ ယခုခရီးစဉ်သည် တရုတ်ဘက်မှဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၈ မှ ၂၆ ရက်အတွင်း ကိုးရက်တာသွားမည့်ခရီးစဉ်ဖြစ်ကာ ထိုင်ဝမ်ကျောင်းသားများကို ဦးဆောင်သွားရမည့်ခရီးစဉ်လည်းဖြစ်ကြောင်းဆိုသည်။
၎င်း၏ပထမခရီးစဉ်ကို ဧပြီလကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထိုင်ဝမ်နှင့်ပြည်မရှိကျောင်းသားများအတွက် နှီးနှောဖလှယ်ပွဲများပြုလုပ်ပေးလိုခြင်းဖြစ်သည်ဟုလည်းသိရသည်။
မာရင်ချုံက နှစ်ဖက်လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်မှုများကို လေ့ကျင့်ပျိုးထောင်ထားပေးမှသာလျှင် ထိုင်ဝမ်ရေလက်ကြားပြဿနာမှာ တည်ငြိမ်သွားလိမ့်မည်ဟုလည်းဆိုခဲ့သည်။
Source : ဖိုးကက်စ်ထိုင်ဝမ်