နူးဒေလီ၊မတ် ၃
မတ်လ ၂ ရက်ကြာသပတေးနေ့က G – 20 အစည်းအဝေး၌တွေ့ဆုံစဉ် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာဗီဗီယန်ဘာလားခရစ်ရှနန်က တရုတ်နှင့်အမေရိကတို့အနေဖြင့် ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်ကိစ္စများနှင့်ပတ်သက်၍ တင်းမာမှုများ လျှော့ချသင့်ကြောင်းပြောကြား တိုက်တွန်းခဲ့သည်ဟုသိရသည်။
မစ္စတာခရစ်ရှနန်က “နိုင်ငံအားလုံးပါဝင်သည့်ဝါဒ အားကောင်းလာရေးအတွက် အင်အားကြီးနှစ်နိုင်ငံအနေဖြင့် ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံရန်လိုအပ်သည်ဟုဆိုခဲ့သည်။အထူးသဖြင့် အာရှရှိကျွန်ုပ်တို့၏အကျိုးအတွက် တင်းမာမှုများကိုလျှော့ချသင့်သည်” ဟုလည်းဆိုခဲ့သည်။
ယင်းနောက်၎င်းက နိုင်ငံပေါင်းစုံပါဝင်ရေးမူအရ ကျွန်ုပ်တို့အနေဖြင့် မြင့်တက်လာနေသော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းရန် အမေရိကနှင့်တရုတ်တို့၏ ခေါင်းဆောင်မှုနှစ်ခုလုံး လိုအပ်သည်ဟုလည်းဆိုခဲ့သည်။
ယင်းနောက်မစ္စတာခရစ်ရှနန်က ယူကရိန်းစစ်သည်လည်းချက်ချင်းရပ်တန့်သင့်ကြောင်းပြောကြားကာ နိုင်ငံများအနေဖြင့် ကုလ၏ပဋိဉာဉ်စာတမ်းအားလေးစားလိုက်နာသင့်ပြီး နိုင်ငံကြီးသည် ငယ်သည်မဟူ အဆိုပါနိုင်ငံ၏ အချုပ်အခြာတည်တံ့လွတ်လပ်ရေးအတွက် လေးစားလိုက်နာရမည်ဟုလည်းဆိုခဲ့သည်။
Source : The Straitstimes
