Monday, April 21, 2025

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က...

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက်...

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊...
HomeInternationalထိုင်ဝမ်ပဋိပက္ခဖြစ်လာပါက အမေရိကအနေဖြင့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများအားအသုံးပြုနိုင်ဟုဖိလစ်ပိုင်သံအမတ်ဆို

ထိုင်ဝမ်ပဋိပက္ခဖြစ်လာပါက အမေရိကအနေဖြင့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများအားအသုံးပြုနိုင်ဟုဖိလစ်ပိုင်သံအမတ်ဆို

ထိုင်ဝမ်ပဋိပက္ခဖြစ်လာပါက အမေရိကအနေဖြင့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများအားအသုံးပြုနိုင်ဟုဖိလစ်ပိုင်သံအမတ်ဆို

ထိုင်ဝမ်-တရုတ်အကျပ်အတည်းတွင် ဖိလစ်ပိုင်အနေဖြင့် ထိုင်ဝမ်အကျပ်အတည်းကယခုထက်ပိုမိုဆိုးရွားလာသည်ရှိသော် အမေရိကန်တပ်ဖွဲ့များအား ၎င်း၏စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးမည်ဟုပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးဟိုဆေးမန်နျူဝယ်လ် ရိုမြူဝယ်လ်ဒေး  က၎င်း၏ထုတ်ပြန်ချက်တွင် “ကျွန်တော်တို့အတွက် ကိုယ့်လုံခြုံရေးအတွက်အရေးကြီးပါတယ်” ဟုဆိုခဲ့သည်။ သံအမတ်ကြီးသည် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၏ ဆွေမျိုးတစ်ဦးဖြစ်ပြီး မနီလာတွင် ဩဇာကြီးမားသည်ဟုသိရသည်။

“စစ်ပွဲတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ဘယ်သူမှမဖြစ်စေချင်ပါဘူး၊တွေ့ဆုံဆွေးနွေးမှုတွေ ပိုမိုပြုလုပ်ခြင်းအားဖြင့် တင်းမာမှုတွေကိုလျှော့ချဖို့ နှစ်နိုင်ငံလုံးကိုတောင်းဆိုလိုပါတယ်။ အခုလိုပြဿနာအားလုံးကို ဖြေရှင်းဖို့ကြိုးပမ်းနေရတာဟာ ကျွန်တော်တို့ကမ္ဘာကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေလို့ပါပဲ” ဟု သံအမတ်ကြီးကထပ်လောင်းပြောကြားသွားသည်။

ဖိလစ်ပိုင်ပိုင်နက်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်သည့် စစ်အခြေစိုက်စခန်းအရေအတွက် တိုးမြှင့်ရန်အတွက်လည်း မနီလာနှင့်ဝါရှင်တန်တို့ဆွေးနွေးနေပြီဖြစ်ကြောင်းလည်း အထူးသံအမတ်ကြီးကပြောကြားခဲ့ပြီး “ကျွန်တော်တို့စစ်တပ်နဲ့အမေရိကန်စစ်တပ်က ဖြစ်နိုင်ခြေရှိတဲ့နယ်ပယ်တွေကို ရှာဖွေနေပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

သံအမတ်ကြီး၏ကြေငြာချက်သည် တရုတ်အားစိတ်ပျက်စေခဲ့သည့် အမေရိကမှထိုင်ဝမ်သို့ ဒေါ်လာ ၁ ဘီလီယံကျော်လက်နက်များ ရောင်းချကြောင်း ဘိုင်ဒင်အစိုးရ၏ကြေငြာချက်ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ထို့အပြင်ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်စစ်သင်္ဘောနှစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းခဲ့သည်။

ထိုင်ဝမ်နှင့်ဝေးဝေးနေရန် ပေကျင်းကဝါရှင်တန်အား ထပ်ခါတလဲလဲသတိပေးခဲ့ပြီး “တရုတ်တစ်ပြည်တည်းမူဝါဒ”  ကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်းသတိပေးခဲ့သည်။သို့သော် ဩဂုတ်လကတည်းက ဝါရှင်တန်သည် ထိုင်ဝမ်သို့ကိုယ်စားလှယ်များမကြာခဏစေလွှတ်ကာ ချဉ်းကပ်မှုများပြုလုပ်ခဲ့သည်။

ဝိုင်ယိုသတင်းများအရ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ခရီးစဉ်သည် ၂၅ နှစ်အတွင်း အမေရိက၏ ထိပ်တန်းအရာရှိတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ပြီး သူ၏နောက်တွင် အမေရိကန်လွှတ်တော်အမတ်များတိုင်ပေသို့ ဆက်တိုက်သွားရောက်လည်ပတ်ခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ် မာရှာဘလက်ဘန်းသည် ထိုင်ဝမ်သို့ပြီးခဲ့သည့်လအနှောင်းပိုင်းက သွားရောက်လည်ပတ်ခဲ့သည့် စတုတ္ထမြောက်လွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ပေလိုစီခရီးစဉ်အပြီး၌ ကျွန်းနိုင်ငံတစ်ဝိုက်တွင် တရုတ်ကစစ်ရေးလေ့ကျင့်မှုများပြုလုပ်ကာ ဖိအားများထပ်မံတိုးမြှင့်ခဲ့သည်။

ယနေ့အစောပိုင်းတွင် တရုတ်တိုက်လေယာဉ်နှစ်စင်းသည် ထိုင်ဝမ်ရေလက်ကြား၏အလယ်မျဉ်းကိုထပ်မံဖြတ်ကျော်ပျံသန်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ဤတွင် ဖိလစ်ပိုင်၊ဗီယက်နမ်၊မလေးရှား၊ဘရူနိုင်းနှင့် ထိုင်ဝမ်တို့သည် တရုတ်ကတောင်တရုတ်ပင်လယ်သည် ၎င်း၏အပိုင်ဖြစ်သည်ဟူသော ခံယူချက်နှင့်ပတ်သက်၍ တန်ပြန်အရေးဆိုမှုများရှိနေသည်ကိုသတိပြုရမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ထို့ကြောင့် ဖိလစ်ပိုင်သည် ၎င်း၏စစ်အခြေစိုက်စခန်းများကို အမေရိကန်မှအသုံးပြုနိုင်ရန်တိုးချဲ့ပေးခြင်းသည် ၎င်း၏ကိုယ်ပိုင်အကျိုးရရှိရေးအတွက်သာဖြစ်သည့် ဆုံးဖြတ်မှုမျိုးဖြစ်သည်ဟုဆိုသည်။

Source – Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း အသင်းက အသိပေးထုတ်ပြန်ထားသည်။ ထိုသို့ ပေးအပ်ရာ၌ ယခု ၂၀၂၅ ခုနှစ်ဘောလုံးရာသီမှ ၂၀၂ ၇ ခုနှစ် ဘောလုံးရာသီအထိ ပေးအပ်ခြင်းဖြစ်‌ကြောင်းသိရသည်။ ရခိုင်ယူနိုက်တက်အသင်းအနေဖြင့်လာမည့် ဧပြီလ (၂၉) ရ က်၌ စတင်ကျင်းပမည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ MNL League Cup ပြိုင်ပွဲတွင် Glory Sports ၏ Customized Jersey...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိပြီး ဇွန်လကျောင်းဖွင့်ချိန်အမှီ ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ထိခိုက်ပျက်စီးမှုအနည်းငယ်အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နစက ဒု-ဥက္ကဋ္ဌမှ ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်၊ ဆေးပညာသင်ကြားရေးဆောင်၊ စီးပွားရေးပညာသင်ကြားရေးဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာ သင်ကြားရေးဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးဆောင်တို့၏ ထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ပင်မ Column တိုင်နှင့် Beam...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်းသယံဇာတဝန်ကြီးဦးဆောင်သော တိုင်းဒေသကြီးအဆင့် စစ်ဆေးရေးအဖွဲ့များက ဧပြီ ၃ ရက်နှင့်၊ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့က ဧပြီ ၇ ရက်တို့တွင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ဖျက်သိမ်းသွားမည်ဖြစ်ရာ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ပစ္စည်းများကိုသိမ်းယူနိုင်ရန် ဧပြီ ၉ ရက်အထိခွင့်ပြုပေးခဲ့ပြီး စစ်ဆေးချက်များတွင် အဆင့်မြင့်ဈေးချိုတော် ပင်မအဆောက်အဦမှာ Main...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071