ဇူလိုင်လတုန်းက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်း ပခဲ့တဲ့ Prince & Princess International 2017 နိုင်ငံတကာပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး Miss Teen Supermodel International 2017 (winner) ဆုရော The Best National Costume ဆုပါရရှိခဲ့တဲ့ အလှမယ်အေးသဒ္ဒါလင်းရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ်လ၁၉ရက်နေ့၊ နေ့လယ်၁နာရီ အချိန်က central hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာမှ ဆုရရှိခဲ့တဲ့ အလှမယ်အေးသဒ္ဒါလင်းက ပြိုင်ပွဲအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး…
“ပြိုင်ပွဲအတွေ့အကြုံတွေက အများကြီးပါပဲ။ တခြား နိုင်ငံတွေက သူငယ်ချင်းတွေနဲ့ ခင်မင်ခဲ့တယ်၊ ညီမအနေနဲ့တစ်ခါမှလည်း ပြည်ပမှာသွားရောက်မယှဉ် ပြိုင်ဖူးဘူး။ ဒီပွဲက ညီမအတွက် ပထမဦးဆုံးအကြိမ်ပါ။ အဲဒီပွဲမှာ National Costume ဆုလည်း ရရှိခဲ့ပါတယ်၊ National Costume ကို ပုသိမ်ထီးနဲ့ လုပ်ထားတဲ့ ဝတ်စုံဝတ်ဆင်ကာ ယှဉ်ပြိုင်ပြီးရရှိခဲ့ပါတယ်။ ဒီလိုဆု တွေလည်းရရှိခဲ့တဲ့အတွက် အတိုင်း မသိဝမ်းသာပါတယ်” လို့ ပြောပါတယ်။
သရုပ်ဆောင်ပိုင်းကို ပိုဝါသနာပါ တယ်ဆိုတဲ့ အလှမယ်အေးသဒ္ဒါလင်းက အဋ္ဌမတန်း လောက်ကတည်းက ဇာတ်ကားရိုက်ကူးမှုတွေ စတင်ပါ ဝင်ရိုက်ကူးဖြစ်နေခဲ့ပြီး MTV လည်း ပါဝင်ရိုက်ကူးခဲ့ ကြောင်း သိရပါတယ်။ နောက်ထပ်ပြိုင်ပွဲတွေလည်း အခွင့်ရေးရရင် ပြိုင်ပွဲဝင်သွားဖို့ရှိကြောင်းလည်း အလှမယ်အေးသဒ္ဒါလင်းက “အခွင့်ကြုံလာရင်ပြိုင်မှာပါ၊ ပြိုင်ပွဲပြိုင်ရတာက အတွေ့အကြုံတွေလည်း အများကြီး ရပါတယ်။ ညီမက သရုပ်ဆောင်ဘက်ကို ပိုဝါသနာပါပါ တယ်၊ MTV တွေလည်း ပါဝင်ရိုက်ကူးထားပါတယ်၊ညီမကို မသိတဲ့ ပရိသတ်တွေအတွက်လည်း ညီမကြိုးစားသွား မှာပါ”လို့ ပြောပါတယ်။
တွယ်တာ