Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeCelebrities' NewsCover Newsထိုင်းဘုရင်ကြီး၏ တော်ဝင် ဈာပန...

ထိုင်းဘုရင်ကြီး၏ တော်ဝင် ဈာပန အခမ်းအနားအား ပြည်သူ နှစ်သိန်းခွဲထက် မနည်း လိုက်လံ ပို့ဆောင်

ထိုင်းနိုင်ငံသူ နိုင်ငံသားအားလုံး က ၄င်းတို့အလေးအမြတ်ထား ဂါရဝ ပြုချစ်ခင်ရသော ယခင် ဘုရင်မင်း မြတ်၏ တော်ဝင်ဈာပန အခမ်း အနားသို့ ဝမ်းနည်းခြင်းအထိမ်း အမှတ် အဖြစ် အနက်ရောင်ဝတ်စုံများ ဝတ် ဆင်ကာ လူဦးရေနှစ်သိန်းခွဲထက် မနည်း တက်ရောက်ဂါရဝပြုကြသည်။ထိုင်းနိုင်ငံသူ နိုင်ငံသားအားလုံး က ၄င်းတို့အလေးအမြတ်ထား ဂါရဝ ပြုချစ်ခင်ရသော ယခင် ဘုရင်မင်း မြတ်၏ တော်ဝင်ဈာပန အခမ်း အနားသို့ ဝမ်းနည်းခြင်းအထိမ်း အမှတ် အဖြစ် အနက်ရောင်ဝတ်စုံများ ဝတ် ဆင်ကာ လူဦးရေနှစ်သိန်းခွဲထက် မနည်း တက်ရောက်ဂါရဝပြုကြသည်။

ယင်းတော်ဝင်ဈာပနသို့ ပြည်ထောင် စုသမ္မတမြန်မာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီးအပါအဝင် နိုင်ငံ ပေါင်းများစွာမှ နိုင်ငံ့ခေါင်းဆောင် များလည်း တက်ရောက်ခဲ့ကြသည်။ နတ်ရွာစံချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်သော ဘုရင်ကြီး ဘူမိ ဘောအဒူလျာဒက်ဂ်ျသည် ကမ္ဘာ တစ်လွှားတွင် နန်းသက်အရှည်ကြာ ဆုံး ဧကရာဇ်တစ်ပါးဖြစ်ခဲ့သည်။

ယခုအခါတွင်မူ သူ၏ကြွင်း ကျန်သော ရုပ်ကလာပ်အား ဆယ်လကြာ အချိန် ယူတည်ဆောက်ခဲ့သော ပေ ၁၅ဝ အမြင့်ရှိ ဘုံဆောင်တွင် သဂြိုဟ်မှု ပြုခဲ့ပြီဖြစ်သည်။ ဘုံ ၉ဆင့်ပါရှိ သည့် ယင်းဘုံဆောင်ကို ထိုင်းဒဏ္ဍာရီလာ ရုပ်ပုံများထည့်သွင်းဖန်တီးထားကာ ဘုရင်ကြီးအချစ်ဆုံး ခွေး နှစ်ကောင် ၏ ရုပ်တုများလည်း ပါဝင်သည်။ ဖခင်ကြီး၏ ဈာပနအခမ်းအနား သို့ လက်ရှိထိုင်းဘုရင် မဟာဝဇီရ လောင်ကွန်းသည်လည်း ဝတ်စုံပြည့် နှင့်တက်ရောက်ခဲ့သည်။ မဟာဝဇီ ရလောင်ကွန်းသည် ဘုံဆောင်၏ မေယုတောင်ကို ကိုယ်စားပြုသည့် ၃ ထပ်နေရာကို တာဝန်ယူကွပ်ကဲ ဆောင်ရွက်ခဲ့သည်။ ဈာပန အခမ်း အနားကို အောက်တိုဘာလ၂၆ နေ့က တစ်နေကုန်ကျင်းပခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ နိုင်ငံ ကျော် အဆိုတော် ထုံချိုင်းလည်း တက်ရောက် ဂါရဝပြုခဲ့သည်။  ဈာပနအခမ်းအနားအား Drone ယာဉ်များဖြင့် ဓာတ်ပုံရိုက်ကူးခြင်း ခွင့်မပြုဘဲ၊ အကယ်၍ ရိုက်ကူးသူရှိ ပါက ထောင်ဒဏ် ၁နှစ်နှင့် ဒဏ်ငွေ များ စွာပေးဆောင်ရမည်ဟု ကြေ ညာသည်။ အခမ်းအနား  ကျင်းပချိန် တွင် အစစအရာရာ အဆင်ပြေချော မွေ့ စေရေးအတွက် တာဝန်ရှိအစိုးရ အဖွဲ့အစည်းများအပြင် စေတနာ့ ဝန်ထမ်း လူငယ်လူကြီးများစွာက လည်း ဝိုင်ဝန်းကူညီခဲ့ကြသည်။ ထိုင်းဘုရင် ဘူမိဘောအဒူလျာ ဒက်ဂ်ျသည် ၂ဝ၁၆ ခုနှစ် အောက်တို ဘာလ ၁၃ ရက်နေ့က နတ်ရွာစံခဲ့ခြင်း ဖြစ်သည်။

PN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071