ထိန်းသိမ်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကို အာမခံထားပြီး ယူကရိန်းအတွက် ပေးဖို့ စီစဉ်ထားတဲ့ ယူရို ၁၄၀ ဘီလီယံ ချေးငွေကိစ္စကို အကူအညီမပေးနိုင်ဘူး လို့ ယူရိုဇုန်ရဲ့ ဗဟိုဘဏ်ထိန်းချုပ်ရေးအဖွဲ့ (ECB) က ငြင်းဆိုလိုက်ပါတယ်။
အဲ့ဒီချေးငွေအဆိုပြုချက်ကို ဥရောပကော်မရှင်(EC) က တင်ပြခဲ့တာဖြစ်ပြီး၊ ယူရိုဇုန်ထိန်းချုပ်ရေးအဖွဲ့က သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ မညီဘူး ဆိုပြီး ကောက်ချက်ချခဲ့တယ်လို့ ဗြိတိသျှသတင်းစာက တာဝန်ရှိသူတွေကို ကိုးကားပြီး ပြောပါတယ်။
အဓိကပြဿနာကတော့ အဲ့ဒီစီမံကိန်းအရ ဘယ်လ်ဂျီယံအခြေစိုက် ငွေချေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Euroclear Bank အတွက် နောက်ဆုံးအားကိုးရမယ့် ငွေချေးသူအဖြစ် ECB က လုပ်ပေးနိုင်မလားလို့ EC တာဝန်ရှိသူတွေက မေးမြန်းခဲ့တာကြောင့်ပါပဲ။ ဒါပေမယ့် ECB အရာရှိတွေက EC ကို မဖြစ်နိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။
ECB ရဲ့သုံးသပ်ချက်အရ၊ အဲ့ဒီလိုလုပ်လိုက်တာဟာ ဥရောပဗဟိုဘဏ်ကနေ အီးယူအဖွဲ့ဝင်နိုင်ငံအစိုးရတွေကို တိုက်ရိုက်ငွေကြေးထောက်ပံ့ပေးတာနဲ့ အတူတူပဲ ဖြစ်နေပြီး၊ အဲ့ဒီလိုလုပ်တာကို အီးယူစာချုပ်တွေက တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ငွေကြေးဖောင်းပွမှု များစေပြီး ဗဟိုဘဏ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်လို့ပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း အီးယူနိုင်ငံတွေက ထိန်းသိမ်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအတွက် ချေးငွေ ထုတ်ပေးဖို့ အသုံးပြုမယ်ဆိုရင် ရုရှားရဲ့ တုံ့ပြန်မှုက အရမ်းပြင်းထန်ပြီးမယ် လို့ သတိပေးထားပါတယ်။
