Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeNewsLocal Newsထားဝယ်လေဆိပ်ကို နိုင်ငံတကာလေကြောင်းလိုင်း လေယာဉ်ကြီးများပါ...

ထားဝယ်လေဆိပ်ကို နိုင်ငံတကာလေကြောင်းလိုင်း လေယာဉ်ကြီးများပါ ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်မည်

ထားဝယ်လေဆိပ်ကို နိုင်ငံတကာတွင် အသုံးပြုနေသည့်လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်အတွက် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် Cargo လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် အဓိကရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိ၌ ထားဝယ်လေဆိပ်သည် ပြေးလမ်းအရှည် ပေ (၁၂,၀ဝဝ) နှင့် အကျယ်ပေ (၁၀ဝ) ရှိကာ လေယာဉ်ကွင်း ဧရိယာ စုစုပေါင်း (၃၆၄ ဒသမ ၆၇၇) ဧကခန့်ရှိသည်။

ထိုနည်းတူ လေယာဉ်ရပ်နားရန် ပေ (၂၀ဝ) ကျော်အကျယ်ရှိ ကွင်း (၂) ခု နှင့် ပေ (၆၀ဝ x ၃၀ဝ) အကျယ်ရှိ ကွင်း (၁) ခု ရှိကာ ပြည်တွင်း၌ ပြေးဆွဲနေသည့် လေယာဉ် (၅) စင်း တပြိုင်တည်းရပ်နားနိုင်သည်ဟု သိရသည်။

လေယာဉ်ပြေးလမ်းအပါအဝင် အဆောက်အဦးများပါ တည်ဆောက်မြှင့်တင်မည်ဖြစ်ပြီး လုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ ထားဝယ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ပြီးပါက ထားဝယ်ဒေသတွင် အကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍လည်း များစွာအကျိုးရှိလာနိုင်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ- ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071