တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာ ၂ ခုကို ဗဟိုဘဏ်က ခွင့်ပြုပေးထားသည့် လိုင်စင်အား ၃ လဆိုင်းငံ့လိုက်သည်ဟု ဇွန်လ ၁၀ ရက်နေ့တွင်အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်က Money Changer License ခွင့်ပြုပေးထားသည့် ထားဝယ်မြို့၌ ဖွင့်လှစ်ထားသော အဆိုပါ Shwe Wei Phone Myint Co.,Ltd နှင့် Shwe Nan Taw Wyn Co.,Ltd တို့သည် ငွေလဲ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာခြင်း မရှိသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်းဖြစ်၍ ပုဒ်မ ၃၅ အရ Money Changer လိုင်စင်အား ဇွန် ၉ ရက်နေ့မှစ၍ ၃ လဆိုင်းငံ့ကြောင်း ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ထို့ကြောင့် အဆိုပါငွေလဲကောင်တာ ၂ ခုတွင် နိုင်ငံခြားသုံးငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် လဲလှယ်ခြင်းများကို ဆောင်ရွက်ခွင့် မရှိကြောင်းလည်း အသိပေးထားသည်။