(Unicode)
ထားဝယ်တက္ကသိုလ်အဝေးသင်ကျောင်းသားအား ပုဒ်မ၃ခုဖြင့် ထောင်၁၁နှစ်ချ
ထားဝယ်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ပထမနှစ်အဝေးသင် ကျောင်းသား ကိုချစ်နိုင် အား ယနေ့ ဒီဇင်ဘာ၁၃ရက်တွင် တရားရုံးက အပြီးသတ်အမိန့်ဖြင့် ထောင်ဒဏ် ၁၁ နှစ်အမိန့်ချမှတ်ခဲ့သည်ဟု ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသတင်းနှင့်ပြန်ကြားရေးထံကသိရသည်။
ကိုချစ်နိုင်ကို အကြမ်းဖက်မှု ၅၂(က)အတွက် ၇နှစ်၊၅၀၅(က)အတွက် ၃နှစ်၊ လက်နက်မှု ၁၉(စ)အတွက် ၁နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကိုချစ်နိုင်ကို ၂၀၂၁ခုနှစ် ဇူလိုင် (၂၀) ရက် မနက် ၉ နာရီခန့်တွင်ထားဝယ်မြို့၊ မြို့သစ် (၇) လမ်းတွင် ဖမ်းဆီးခံလိုက်ရပြီးနောက် ၅လနီးပါးအကြာတွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နိုဝင်ဘာလကုန်ပိုင်းနှင့်ယခုဒီဇင်ဘာဒုတိယအပါတ်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ထားဝယ်တက္ကသိုလ်ကျောင်းသားနှင့်ကျောင်းသားဟောင်းအရေအတွက်မှာ ၁၀ဦးအထက်ရှိခဲ့သည်ဟု ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ထုတ်ပြန်ချက်များအရသိရသည်။
(Zawgyi)
ထားဝယ္တကၠသိုလ္အေဝးသင္ေက်ာင္းသားအား ပုဒ္မ၃ခုျဖင့္ ေထာင္၁၁ႏွစ္ခ်
ထားဝယ္တကၠသိုလ္၊ ပထဝီဝင္ဌာနမွ ပထမႏွစ္အေဝးသင္ ေက်ာင္းသား ကိုခ်စ္ႏိုင္ အား ယေန႔ ဒီဇင္ဘာ၁၃ရက္တြင္ တရား႐ုံးက အၿပီးသတ္အမိန္႔ျဖင့္ ေထာင္ဒဏ္ ၁၁ ႏွစ္အမိန္႔ခ်မွတ္ခဲ့သည္ဟု ထားဝယ္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢသတင္းႏွင့္ျပန္ၾကားေရးထံကသိရသည္။
ကိုခ်စ္ႏိုင္ကို အၾကမ္းဖက္မႈ ၅၂(က)အတြက္ ၇ႏွစ္၊၅၀၅(က)အတြက္ ၃ႏွစ္၊ လက္နက္မႈ ၁၉(စ)အတြက္ ၁ႏွစ္ စုစုေပါင္း ေထာင္ဒဏ္ ၁၁ႏွစ္ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
ကိုခ်စ္ႏိုင္ကို ၂၀၂၁ခုႏွစ္ ဇူလိုင္ (၂၀) ရက္ မနက္ ၉ နာရီခန႔္တြင္ထားဝယ္ၿမိဳ႕၊ ၿမိဳ႕သစ္ (၇) လမ္းတြင္ ဖမ္းဆီးခံလိုက္ရၿပီးေနာက္ ၅လနီးပါးအၾကာတြင္ အမိန္႔ခ်လိုက္ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ႏိုဝင္ဘာလကုန္ပိုင္းႏွင့္ယခုဒီဇင္ဘာဒုတိယအပါတ္ထဲ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ ထားဝယ္တကၠသိုလ္ေက်ာင္းသားႏွင့္ေက်ာင္းသားေဟာင္းအေရအတြက္မွာ ၁၀ဦးအထက္ရွိခဲ့သည္ဟု ထားဝယ္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၏ထုတ္ျပန္ခ်က္မ်ားအရသိရသည္။